နှစ်ပေါင်းများစွာ နှာခေါင်းဖြင့် အသက်ရှုရန် ရုန်းကန်နေရတဲ့ အမျိုးသားတစ်ဦးသာ သူ့ရဲ့ ညာဘက်နှာခေါင်းအတွင်း သွားတစ်ချောင်း ပေါက်လာသည်ကို တွေ့ရှိလိုက်ရတဲ့အတွက် ထိတ်လန့်သွားခဲ့ပါတယ်။ အသက် 38 နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများကို ခံစားနေရကြောင်း ဆေးခန်းတစ်ခုအား ပြောပြခဲ့ပြီး ကနဦးစစ်ဆေးမှုတစ်ခုတွင် ဆီးအိမ်သွေဖယ်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ မျက်နှာတွင် ဒဏ်ရာ သို့မဟုတ် မူမမှန်တဲ့ လက္ခဏာများ မတွေ့ရှိရကြောင်း အာမခံခဲ့ပါတယ်။

သို့သော် ပိုမိုနက်ရှိုင်းတဲ့ စစ်ဆေးမှုတစ်ခုအရ သူဟာ အလွန်ရှားပါးတဲ့ ဝေဒနာကို ခံစားနေရကြောင်း ပြသခဲ့ပါတယ်။ ဆရာဝန်များဟာ လူနာတစ်ဦးရဲ့နှာခေါင်းအတွင်း ပြွန်ကိုထည့်သွင်းတဲ့နေရာကို rhinoscopy ပြုလုပ်ခဲ့ရာတွင် သူ့ရဲ့ နှာခေါင်းပေါက်ထဲတွင် အဖြူရောင်အရာတစ်ခုကို တွေ့ရှိခဲ့ပြီး ထိုနေရာတွင် အမှန်တကယ်ကြီးပြင်းလာခဲ့တဲ့ ectopic သွား ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ Ectopic ဟာ အလွန်ရှားပါးပြီး ပုံမှန်မဟုတ်တဲ့ နေရာ သို့မဟုတ် အနေအထားတွင်ရှိတဲ့ အရာဟု အဓိပ္ပာယ်ရသော ဆေးပညာအသုံးအနှုန်းဖြစ်ပါတယ်။

The New England Journal of Medicine တွင် Sagar Khanna နှင့် Michael Turner တို့က “နှာခေါင်းရဲ့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွင် septal deviation၊ calcified septal spurs နှင့် posterior septum တွင် ၂ စင်တီမီတာ ဖောက်ထွင်းခံရတာကို တွေ့ရပါတယ်။ rhinoscopy စစ်ဆေးခြင်းတွင် ညာဘက်နှာခေါင်း (Panel A) ရဲ့ မျက်နှာပြင်တွင် မာကြောပြီး နူးညံ့မှုမရှိတဲ့ အဖြူရောင်အစုအဝေးကို တွေ့ရှိခဲ့ရပါတယ်။ ပါးစပ်နဲ့ ခံတွင်းဆိုင်ရာ ခွဲစိတ်မှုအတွင်း သွားတွေကို ခွဲစိတ်ပြီး အရှည် ၁၄ မီလီမီတာ တိုင်းတာပြီး ဖယ်ရှားခဲ့ပါတယ်။ ခွဲစိတ်ပြီး သုံးလအကြာမှာ လူနာရဲ့ နှာခေါင်းပိတ်တဲ့ လက္ခဏာတွေ ပြေလည်သွားပါပြီ။" လို့ပြောပြခဲ့ပါတယ်။

Ectopic သွားများအကြောင်း NHS ရဲ့ အချက်အလက်စာရွက်တွင် “တစ်ခါတစ်ရံ သွားတစ်ချောင်း သို့မဟုတ် တစ်ခုထက်ပိုတဲ့ သွားများဟာ မှားယွင်းတဲ့ အနေအထားတွင် ပေါက်ဖွားလာပြီး သွားဖုံးအောက် မေးရိုးတွင် နစ်မြုပ်နေတတ်ပါတယ်။ အဖြစ်အများဆုံး ectopic သွားများဟာ မေးရိုးအပေါ်ပိုင်းရှိ သွားများဖြစ်ပါတယ်။ ဒီသွားရဲ့ အဓိကအန္တရာယ်မှာ သွားများဟာ အခြားအရွယ်ရောက်ပြီးသွားများရဲ့ အမြစ်များနဲ့ထိထိသွားကာ ပျက်စီးမှုဖြစ်စေပါတယ်။" လို့ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ်: Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။