'မှော်ဆန်သော' အပိုင်းကို ပိုလန်နံနက်စာ အစီအစဉ်မေးခွန်းအတွက် နံနက်စာအစီအစဉ်တွင် ထုတ်လွှင့်ပြသခဲ့ပြီးနောက် ပိုလန်ရဲ့ Got Talent ဆီမီးဖိုင်နယ်ကို ထုတ်လွင့်ပြသခဲ့ပါတယ်။
မှော်ဆရာဟာ စားပွဲပေါ်တွင် ပြသထားတဲ့ အညိုရောင် စက္ကူအိတ်လေးထဲမှ တစ်အိတ်ထဲကို သံဆူကြီးတစ်ခုကို ထည့်ထားပြိး လှည့်စားပြသခဲ့ဖို့ ပြလုပ်ခဲ့ပါတယ်။ သူ့အတွက်ေတာ့ ကံကောင်းထောက်မစွာနဲ့ သံဆူးမရှိတဲ့ အိတ်ကို ဖိချမိခဲ့ပါတယ်။
ထို့နောက် မျက်လှည့်ဆရာဟာ ပွဲအစီအစဉ်ကြေညာသူ မစ္စ Rogalska ကို သံစူးမပါတဲ့အိတ်ပေါ် သူမရဲ့လက်ဖြင့် ဖိချခိုင်းခဲ့ပါတယ်။ သူမဟာ အစမှာတော့ စိုးရိမ်နေခဲ့ပြီး နောက်ကျတော့ ဖိချဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။
ထို့နောက် မစ္စ Rogalska ဟာ မျက်လှည့်ဆရာမှ ရွေးချယ်ထားတဲ့ စက္ကူအိတ်ပေါ်သို့ သူမလက်ကို ဖိချလိုက်ချိန်မှာ ကံဆိုးစွာနဲ့ သံဆူးပါတဲ့ အိတ်ကို ဖိချမိခဲ့ပါတော့တယ်။ သူမရဲ့ အော်ဟစ်သံကြောင့် မျက်လှည့်ဆရာလည်း ထိတ်လန့်သွားခဲ့ရပါတယ်။
အော်ဟစ်အကူအညီ တောင်းပြီးနောက် သူမကို 'လက်အပေါ်ယံဒဏ်ရာ' ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ အောက်မှာတော့ ခုလို ဆိုးရွာစွာ လွဲမှားမိတဲ့ မျက်လှည့်ဆရာရဲ့ အဖြစ်ကို ကြည့်ရဲရင် ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Ladbible
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။