TikTok အသုံးပြုသူတစ်ဦးဟာ သူမရဲ့ခြေထောက်ဖျားကို ဆွဲခဲ့တဲ့ ငါးမန်းတစ်ကောင်ရဲ့မျက်နှာကို အကြိမ်ကြိမ် ထိုးနှက်ခဲ့ပြီး အနိုင်ရရှိခဲ့ကြောင်း Video ကို TikTok မှာပြန်လည်မျှဝေခဲ့ပါတယ်။

TikTok တွင် @wildwitchofthew3st အသက် 42 နှစ်အရွယ် Heather West က သူမဟာ လွန်ခဲ့တဲ့လနှောင်းပိုင်းက သူငယ်ချင်းများနှင့်အတူ Dry Tortugas အမျိုးသားဥယျာဉ်တွင် snorkeling လုပ်နေခဲ့ပြီး သူတို့ဟာ အာဖရိက Little Africa က Loggerhead Key သို့သွားရန် ရည်ရွယ်ထားကြောင်း ဝဘ်ဆိုက်တွင် တင်ထားတဲ့ ဗီဒီယိုအရ သိရှိရပါတယ်။ ဒါပေမယ့်လည်း သန္တာကျောက်တန်းများသာမက လှိုင်းထနေတဲ့ အခြေအနေများကြောင့် ကုန်းမြေဆီသို့ ပြန်လှည့်လာခဲ့ရပါတယ်။

West က သူမဟာ ရေထဲ‌တွင်နောက်ဆုံးကျန်ခဲ့သူဖြစ်ပြီး အဲ့ချိန်တုန်းက သူမခြေထောက်‌ေပါ်ကို တစ်ခုခုက ဆွဲတင်‌ေနသလို ခံစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

"ကျွန်မချက်ချင်းကြည့်လိုက်တော့ ကျွန်မခြေထောက်ကို တစ်ခုခုလုယူသလို ခံစားလိုက်ရတယ်။ ကျွန်မဦးနှောက်က ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်နိုင်ဖြစ်ပြီး ယောက်ျားလေးတစ်ယောက်က ကျွန်မခြေထောက်ကို ဆွဲကိုင်ပြီး ကျွန်မကို ခြောက်ဖို့ကြိုးစားခဲ့တယ်ပဲ ထင်ခဲ့တာ" လို့ West က Video ထဲမှာပြောပြခဲ့ပါတယ်။

သူမရဲ့ရေကူး၀တ်စုံက ခြေဖျားတွေကို ဆွဲလိုက်သလိုခံစားလိုက်ရချိန်မှာ ငါးမန်းတစ်ကောင်ဟာ သူမ၀တ်စုံရဲ့ ‌ေြခဖျားတွေကို ဆွဲကိုက်လိုက်တာမို့ ရော်ဘာတွေက ကွဲသွားပြီး သူမရဲ့အသားလည်း ပြဲသွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

သူမလည်းအဲ့အချိန်မှာ ငါးမန်းဆီကနေ လွတ်မြောက်ဖို့အတွက် စက္ကန့် ၃၀ အကြာရုန်းကန်ရင်း ငါးမန်းရဲ့မျက်နှာကို ကြိမ်ဖန်များစွာ ထိုးသတ်ခဲ့ကြောင်း West က ပြောကြားခဲ့ပါတယ်။

“ကမ်းခြေပေါ်ရောက်တာနဲ့ အောက်ကိုငုံ့ကြည့်လိုက်တော့ ကျွန်မခြေဖဝါးက ရှိသေးတာကိုတွေ့တော့ အရမ်းစိတ်လှုပ်ရှားမိသလို အော်ဟစ်မိပြီး 'ငါအနိုင်ရခဲ့ပြီ၊ ငါအနိုင်ရခဲ့ပြီ၊ ငါအနိုင်ရခဲ့ပြီ' " လို့ သူမက ပြောပါတယ်။

West ရဲ့ခြေထောက်ဟာ ထိခိုက်မှုပြင်းထန်တာကြောင့် သူမအားဆေးကုသရန်ပင်လယ်လေယာဉ်မှတဆင့် Key West သို့ခေါ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ အသားပြဲရာကိုချုပ်ဖိုး ချုပ်ရိုး အချက် ၂၀ ချုပ်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

ငါးမန်းဟာ အန္တရာယ်အနည်းဆုံး ငါးမန်းမျိုးစိတ်များထဲတွင် ယေဘူယျအားဖြင့် သတ်မှတ်ခံထားရတဲ့ လီမွန်ငါးမန်းဖြစ်ကြောင်း သူမကယုံကြည်ပြီး ဒီငါးမန်းတွေဟာ ကမ္ဘာတစ်ဝှမ်းတိုက်ခိုက်မှုရဲ့ ရာခိုင်နှုန်းအနည်းငယ်သာရှိကြောင်း West က ပြောကြားခဲ့ပါတယ်။

သတင်းအရင်းမြစ်: UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။