ကမ္ဘာ့ကြောက်စရာအကောင်းဆုံးလူသား Martyn Ford ဟာ Dwayne 'The Rock' Johnson ကို သူမည်ကဲ့သို့စိန်ခေါ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယခုအခါတွင် Body Builder တစ်ယောက်ဖြစ်တဲ့ Ford ဟာ သူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ အမည်ပြောင်ကြောင့် လူသိများပြီး အရပ်ခြောက်ပေရှစ်လက်မနှင့် အလေးချိန် ၂၃ တုံးအောက်ရှိပါတယ်။ MMA နှင့် လက်ဝှေ့ပွဲများကို နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် ကာယဗလသမားတစ်ယောက်ဖြစ်တဲ့သူဟာ 'သူရဲ့တိုက်ပွဲ' တွင် အီရန် Hulk ဟု လူသိများတဲ့ Sajad Gharibi ကို ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

သူတို့နှစ်ဦးဟာ ယခုနှစ် ဧပြီလ 2 ရက်နေ့တွင် လန်ဒန်မြို့ O2 Arena တွင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပေမယ့်လည်း Ford ဟာ သူ့ရဲ့နောက်ပြိုင်ဘက်ကို မျက်စိကျနေပြီဖြစ်ပါတယ်။ အဲ့ဒီပြိုင်ဘက်ကတော့ နပန်းအကျော်အမော် Dwayne Johnson ပဲဖြစ်ပါတယ်။ ယခုအခါ ဟောလီးဝုဒ်ရဲ့ အချစ်ရဆုံး သရုပ်ဆောင်များထဲမှ တစ်ဦးဖြစ်တဲ့ ဂျွန်ဆင်ဟာ ပရော်ဖက်ရှင်နယ် နပန်းပြိုင်ပွဲတွင် အသက်မွေးဝမ်းကြောင်း ရာဇဝင်ရှိခဲ့ပြီး တစ်ချိန်လုံး အကောင်းဆုံး ပရော်ဖက်ရှင်နယ် နပန်းသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

သူ့ရဲ့နောက်လာမယ့်ပွဲအတွက် ကြွက်သားနဲ့ ကျန်းမာရေး အခြေအနေကို ပြောပြပြီး သူ့ကိုယ်သူ ဘယ်လိုပြင်ဆင်ထားလဲဆိုတာကို Ford ကပြောခဲပြီး လက်ဝှေ့ကြိုးဝိုင်းထဲကို The Rock နဲ့ ဘာကြောင့်ဝင်ချင်လဲဆိုတာကို ပြောပြခဲ့ပါတယ်။ “ကျွန်တော် The Rock ကို စိန်ခေါ်ချင်ပါတယ်။ သူက အားကစားသမားကောင်းတစ်ယောက်ဖြစ်လို့ အံ့မခန်းတိုက်ပွဲဖြစ်မှာပါ။ သူက အမြန် လှုပ်ရှာနိုင်သလို သန်မာပြီး နပန်းသမား နောက်ခံကနေ ဆင်းသက်လာသူပါ။” လို့ပြောပြခဲ့ပါတယ်။ Ford နဲ့ Johnson တို့ကြားက တိုက်ပွဲဟာ စိတ်ဝင်စားဖို့ကောင်းနေမှာတော့ သေချာပါတယ်။

Ford ဟာ ကွန်ကရစ်နံရံများကို ထိုးဖောက်ပြီး ဖရဲသီးများကို ခွဲထုတ်ခြင်း အပါအဝင် အီရန် Hulk ရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးစနစ်ကို အခိုင်အမာ လေ့ကျင့်ထားတာကြောင့် ပြိုင်ဘက်များကို မကြောက်တတ်သူဖြစ်ကြောင်း ထင်ရှားပါတယ်။ "Hulk ရဲ့ လေ့ကျင့်ရေး ဗီဒီယိုကို မကြည့်ချင်ဘူး ၊ အခု သူ့ကို အနိုင်ယူနိုင်တာ‌ေကြာင့် ကြည့်ရင် အချိန်ဖြုန်းနေတယ် ထင်လို့ မကြည့်ပါဘူး။ သူကလောလောဆယ်တော့ ဘာမှမဟုတ်တဲ့ သူတစ်ယောက်ပါ။ သူကတကယ်လဲ ဘာမှမဟုတ်တဲ့‌ေကာင်ပါ။ ငါသူ့လိုမဖြစ်ချင်ပါဘူး။ မင်းဟာ အီရန်က John Cena လို လူတွေကို လွင့်ပစ်တာဟာ ရှက်စရာကောင်းတယ်။ လက်ဝှေ့အားကစားကို လူတွေက မထီမဲ့မြင်ပြုတဲ့အခါ မကြိုက်ဘူး။ သင့်အနေနဲ့ လှောင်ချင်လည်း‌ေလှာင်ပါ၊ ဒါပေမယ့် လှောင်နိုင်ဖို့အတွက် သေချာ‌ေတာ့ လေ့ကျင့်ထားစေချင်တယ်။ မင်းစားတာသေချာပါစေ။ မင်းအကောင်းဆုံးအားကစားသမားဖြစ်ဖို့နဲ့ အားကစားကို လေးစားလိုက်နာဖို့ သေချာပါစေ။" လို့ Ford ကပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ်: Ladbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။