ဒီကနေ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေမြို့နယ် ၊ ၇၄ လမ်းနှင့် (၃၇x၃၈) လမ်းကြား ၊ စကြာနွယ်စင်ရပ်ကွက်မှာ မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို နံနက် ၈ နာရီ ၁၈ မိနစ်အချိန်မှာ ငြိမ်းသတ်နိုင်ခဲ့တာကြောင့် မီးလောင်ချိန် သိပ်မကြာပေမယ့် မီးပြင်းတာကြောင့် ဆုံးရှုံးမှုတန်ဖိုး တော်တော်လေးများခဲ့ပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader

မီးလောင်မှုက Level 2 အဆင့်ရှိပြီး ပြင်းထန်တာကြောင့် နေအိမ် ၁၇ လုံးခန့် မီးထဲပါသွားခဲ့ပါတယ်။ မီးထဲပါသွားတဲ့နေအိမ် ၁၇ လုံးထဲက တချို့နေအိမ်တွေဆိုရင် အိမ်တိုင်ပဲကျန်ခဲ့ပါတော့တယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader

မီးလောင်မှုကြောင့် စုစုပေါင်း ငွေကျပ် သိန်း ၂၀၀ ကျော်ဖိုးထိ ဆုံးရှုံး ခဲ့ရတာကြောင့် ဆုံးရှုံးမှုတန်ဖို့ တော်တော်လေး များတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဖြစ်စဉ်ကိုတော့ အခုအချိန်ထိ စုံစမ်းနေဆဲလို့ သိရှိရပါတယ်။

Photo Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။