လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိကြ‌ေပမယ့်လည်း အများစုမှာ မိမိတို့ရဲ့ မိသားစုမှ ခြွင်းချက်တစ်စုံတစ်ရာကို ဖုံးကွယ်ထားရန် မမျှော်လင့်ထားကြပါဘူး။ ဒါပေမယ့် သင့်ရဲ့ ဆွေမျိုးတွေက သင့်ကို အမှန်အတိုင်း မပြောကြတာလည်း အများကြီး ဖြစ်နိုင်ပါတယ်။ မကြာသေးမီက အမျိုးသမီးတစ်ယောက်ရဲ့အဖွားဟာ ကြီးကြီးမားမားလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတာကို တွေ့ရှိပြီးနောက် အဲ့ဒီအမျိုးသမီးရဲ့ဘဝတစ်ခုလုံးကို ဇောက်ထိုးပြောင်းသွား‌ေစခဲ့ပါတယ်။ @thekennedyproj လို့အမည်ပေးထားတဲ့ TikTok မှ အမည်မဖော်လိုသူ အမျိုးသမီးက သူမရဲ့ မိသားစုဟာ မကြာသေးမီက 23andMe DNA စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပုံကို ရှင်းပြခဲ့ပြီး သူမရဲ့ အဖွားဖြစ်သူရဲ့ နှစ်ပေါင်းများစွာ လိမ်ညာခဲ့တာကို ဖော်ထုတ်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။

သူမရဲ့ဗီဒီယိုတွင် သူမဟာ Kennedy မဟုတ်ကြောင်း DNA စစ်ဆေးမှုတွင် သူမရဲ့မိသားစုဟာ အဖွားဘက်မှ ဆွေမျိုးများစွာရှိသည်ကို သိရှိခဲ့ရပြီး သူမရဲ့ အဖွားဟာ မိဘမဲ့ဖြစ်ကာ တစ်ဦးတည်းသော ကလေးဖြစ်‌ေကြာင်း ပြောပြခဲ့ပါတယ်။ အဖွားဟာ “သူမရဲ့အတိတ်ကို ဖျောက်ဖျက်ပစ်” ခဲ့ကြောင်းလည်း သူတို့က သိရှိခဲ့ကြပြီး သူမရဲ့အမည်ကို ပြောင်းလဲကာ “ပိုမိုကောင်းမွန်တဲ့ဘဝ” ရရှိရန် မတူညီတဲ့ လူမျိုးတစ်မျိုးအဖြစ် ဟန်ဆောင်ခဲ့ကြောင်းလည်း သိရှိခဲ့ကြပါတယ်။ သူမက “ကျွန်မအဖွားက သူ့သင်္ချိုင်းမှာ လျှို့ဝှက်ချက်တစ်ခုထားခဲ့ပြီး အဲဒါက ဘာလဲဆိုတာ သိလိုက်ရပါတယ်။ သူမက 2002 ခုနှစ်မှာ ဆုံးသွားခဲ့ပြီး 1933 ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ ကျွန်မတို့ထင်ခဲ့ပါတယ်။ သူမဟာ မိဘမဲ့ဖြစ်ပြီး တစ်ဦးတည်းသော ကလေးဖြစ်ကြောင်းကို သိရှိခဲ့ရပြီး သူမနဲ့ မိသားစုဟာ ပတ်သက်ဆက်နွှယ်မှုလည်း မရှိပါဘူး။ အဲ့တော့ ကျွန်မက DNA စစ်တဲ့အခါမှာ ကျွန်မတို့က African American လူမ‌ျိုးဖြစ်နေပါတယ်။ အဖွားကတော့ English လူမျိုးလို့ပြောခဲ့တာပါ။ "

သူမရဲ့ မိသားစုဟာ အသေးစိတ်အချက်အလက်များကိုရှာဖွေနေဆဲဖြစ်ကြောင်း သူမကဆက်လက်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် DNA စစ်ဆေးချက်အရ သူမရဲ့အဘိုးအဘွားများဟာ Maryland တွင်တွေ့ဆုံခဲ့ပြီး ထိုတွင်လက်ထပ်ခဲ့ကြသည်နှင့် ကိုက်ညီကြောင်း ပြောကြားခဲ့ပါတယ်။ တခြားမိသားစုတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး ဓာတ်ပုံတွေ ဖလှယ်ကြကာ သူတို့အဖွားဟာ တစ်ဦးတည်းသော ကလေးမဟုတ်ကြောင်း သိလိုက်ရတဲ့အပြင် သူမဟာ မွေးချင်း ၁၅ ယောက်ထဲက တစ်ယောက်ဖြစ်နေပါတယ်။ " အဖွားရဲ့မိဘတွေက ငယ်ငယ်ကတည်းက ဆုံးပါးသွားပေမယ့် သူမပြောသလိုပဲ မိဘမဲ့ကလေးတစ်ယောက်လည်း မဟုတ်ပါဘူး။ သူမက သူ့မိသားစုနဲ့ ဝေးရာကို ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပြီး သူမရဲ့ ကိုယ်ပိုင်အမှတ်အသားကနေ စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ နာမည်အသစ်ကို ကောက်ယူခဲ့ပြီး လူမျိုးအသစ်ကို ကောက်ယူခဲ့ကာ သူမဘယ်သူလဲဆိုတာကို လုံးဝဖျက်ပစ်ခဲ့ပါတယ်။" လူပေါင်း 4.7 သန်းကျော်သည် ထိုအမျိုးသမီးရဲ့ ဗီဒီယိုကို ကြည့်ရှုခဲ့ပြီး လိုက်ခ်ပေါင်း 544,000 ကျော်နှင့် မှတ်ချက်ထောင်ပေါင်းများစွာ ရရှိခဲ့ပါတယ်။

သတင်းအရင်းမြစ်: Ladbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။