ကမ္ဘာကျော်ဘောလုံးသမား Cristiano Ronaldo ရဲ့ သားဖြစ်သူ ဂျူနီယာ Cristiano Ronaldo ဟာ သူ့ရဲ့ဖခင်ဖြစ်သူလိုပဲ မန်ချက်စတာယူနိုက်တတ်အသင်းမှာ ကစားဖို့အတွက် စာချုပ်ချုပ်ဆိုလိုက်ပြီပဲဖြစ်ပါတယ်။ ဂျူနီယာ Cristiano Ronaldo က အသက် ၁၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အခုရာသီပွဲစဉ်မှာ ဝင်ရောက်ကစားသွားမှာဖြစ်ပါတယ်။ ဂျူနီယာ Cristiano Ronaldo ဟာ  ဖခင်ဖြစ်သူလိုပဲ ကျောနံပါတ် ၇ ဂျာစီကိုပဲ ဝတ်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Getty
Getty

ဂျူနီယာ Cristiano Ronaldo ဟာလည်း ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး ထူးချွန်တဲ့ဘောလုံးသမားကောင်းဖြစ်လာမလားဆိုတာကိုအားလုံးက သိချင်နေကြပါတယ်။ လက်ရှိမှာတော့ ဂျူနီယာ Cristiano Ronaldo မှာ အင်တာဂရမ်အကောင့်ဖွင့်ထားတာ မရှိသေးပေမယ့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အများကြီးရရှိနေပါတယ်။

Getty
Getty

ဂျူနီယာ Cristiano Ronaldo လေးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဂျူဗင်တပ်စ်အသင်းမှာ ထွက်ခွာခဲ့ကာ သူ့အဖေရှိတဲ့ မန်ချက်စတာယူနိုက်တက် အသင်းသို့ ကူးပြောင်းလာခဲ့တာဖြစ်ပါတယ်။

Google

ဂျူနီယာ Cristiano Ronaldo လေးဟာ ဖခင်လိုပဲ ဘောလုံးကစားရတာကို ဝါသနာပါပေမယ့် ဖခင်ဖြစ်သူကတော့ သူ့သားကို ဘောလုံးကစားဖို့အတွက် ဖိအားမပေးဘူးလို့သိရပါတယ်။ သားတွေကို ကိုယ့်ရဲ့စိတ်အခြေအနေ ဝါသနာအတိုင်းသာ လုပ်ဆောင်ဖို့ သင်ကြားပေးထားပေမယ့် သားဖြစ်သူရဲ့ပင်ကိုဗီဇ ဝါသနာကို တော့ တားလို့မရနိုင်ခဲ့ပါဘူး။

Google

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ အခြားဖခင်တွေလိုမျိုးသူတို့ရဲ့ သားတွေကို မိုလ်ဘို်င်းဖုန်းပေးဖို့ ဝန်လေးတယ်လို့လည်း ဝန်ခံခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဂျူနီယာ Cristiano Ronaldo လေးဟာ အခုအချိန်ထိ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာအကောင့် မရှိသေးတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။