ဘာဟင်းနဲ့စားစား ၅၀၀ ကျပ်သာပေးရမယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဇလုံထမင်းဆိုင်လေး ဖြစ်တဲ့ NTR ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်လေးကို ကိုဗစ် - ၁၉ ရောဂါပိုး ပျံ့နှံ့ကူးစက်မှု များပြားလာမှုကြောင့် ခေတ္တခဏ ပိတ်ထားမယ်ဖြစ်ကြောင်း ကြေညာထားပါတယ်။

Photo - Credit
Photo - Credit

NTY ၅၀၀ ကျပ်တန်ဇလုံထမင်းဆိုင်လေးလေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ကြာသပတေးနေ့ ၊ ကနေ စတင် ပိတ်ထားမှာဖြစ်ပြီး ဆိုင်ပြန်ဖွင့်မည့်ရက်ကိုလည်း ပြန်လည် အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။

Photo - Credit

ဆိုင်ပိတ်ရက်အတွင်းမှာ အော်ဒါမှာလိုသူများအနေနဲ့ ပွဲ ၅၀ ကနေစတင်ကာ အော်ဒါမှာယူလို့ရနိုင်တယ်လို့ သိရပြီး ၂ ရက်ကြိုအော်ဒါ မှာဖို့တော့ လိုအပ်တယ်လို့ သိရပါတယ်။ NTY 500 ကျပ်တန်ဇလုံထမင်းဆိုင်လေးဟာ အခြေခံလူတန်းစားတွေအတွက် အားကိုးအားထား ပြုရတဲ့ဆိုင်လေးဖြစ်ပြီး အမြဲအပျက် ထမင်းသုံးဆောင်သူများဖြင့် စည်ကားနေတဲ့ဆိုင်လေးဖြစ်ပါတယ်။

Photo - Credit

NTY 500 ကျပ်တန် ဇလုံထမင်းဆိုင်ရဲ့ တည်နေရာက မြောက်ဒဂုံစုပေါင်းရုံလမ်းထဲမှာဖြစ်ပြီး ဇလုံထမင်းအပြင် အခြား ၅၀၀ ထက် မပိုတဲ့ စားစရာလေးများကိုလည်း ဝယ်ယူသုံးဆောင်နိုင်တဲ့ နေရာလေးဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။