လွန်ခဲ့တဲ့ ခြောက်နှစ်နှင့် မိုင်ပေါင်း 1,500 ကျော်အကြာတွင် ပျောက်ဆုံးသွားတဲ့ မိသားစုကြောင်လေးဟာ ဖလော်ရီဒါကနေ Manie ကမိသားစုနဲ့ ပြန်လည်ဆုံစည်းခဲ့ပါတယ်။ Manie ကမိသားစုဟာ လွန်ခဲ့တဲ့နှစ်တွေက ကြောင်လေးကိုရှာဖွေနေရင်းနဲ့ မတွေ့တော့တာကြောင့် လက်လျှော့ခဲ့ဖူးပါတယ်။ Chesterville မှ Denise Cilley က သူမဟာ ဖလော်ရီဒါတွင် Ashes ရှိကြောင်း ကြေငြာတဲ့ အသံမေးလ်ကို လွန်ခဲ့သည့်အပတ်က ရရှိခဲ့တဲ့အတွက် သူမ အံ့အားသင့်မိကြောင်း ပြောကြားခဲ့သည်။

2015 ခုနှစ်တွင် သူမရဲ့သမီးအတွက် 10 နှစ်မြောက်မွေးနေ့ပွဲကျင်းပစဉ် Ashes ပျောက်ကွယ်သွားခဲ့ပါတယ်။ "သူတို့က သူမကို အချိန်အတော်ကြာ ရှာဖွေခဲ့ပြီး ဝမ်းနည်းစွာနဲ့ သူမဟာ တခြား သားကောင်ဖြစ်သွားနိုင်တယ်လို့ ဝမ်းနည်းစွာ ကောက်ချက်ချခဲ့ပါတယ်" လို့ ဖလော်ရီဒါရှိ ကြောင်ကို ယာယီထိန်းသိမ်းထားတဲ့ မိသားစုသူငယ်ချင်း Janet Williams က WABI-TV ကို ပြောကြားခဲ့ပါတယ်။ တပ်ဆင်ထားတဲ့ မိုက်ခရိုချစ်ပ်ကြောင့် တိရစ္ဆာန်ဆေးကုဆရာဝန်ရုံးမှ ကြောင်လေးရဲ့ အထောက်အထားကို ဆုံးဖြတ်ခဲ့ပါ။

ဒါပေမယ့် သူမ ဖလော်ရီဒါကို ဘယ်လိုရောက်ခဲ့တယ်ဆိုတာကတော့ ပဟေဠိတစ်ခုပါပဲ။ “ကျွန်တော် သူမကို တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းခဲ့ပါတယ် ဒါပေမယ့် သူမက ကြောင်တစ်ကောင်ဆိုတော့ စကားမပြောခဲ့ပါဘူး” လို့ Williams က ဟာသသဘောနဲ့ ပြောပြခဲ့ပါတယ်။ Janet Williams ရဲ့ သူငယ်ချင်းတစ်ဦးနှင့်အတူ ဗုဒ္ဓဟူးနေ့တွင် Ashes ဟာ Maine သို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။ Portland International Jetport တွင်သူမရဲ့ အိမ်မွေးတိရစ္ဆာန်‌ေတွကုိ စုဆောင်းရန်စီစဉ်ထားကြောင်း Cilley မှပြောကြားခဲ့ပါတယ်။

သတင်းအရင်းမြစ်: AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။