မြန်မာနိုင်ငံရဲ့ ပရိယတ္တိပညာရေး လောကမှာ တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အများဆုံးရရှိထားတဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့ စစ်ကိုင်းတိပိဋကဆရာတော်ကြီးဟာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်မှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါတယ်။

Photo - Credit to Original Uploader

ဆရာတော်ကြီး ကွယ်လွန်သွားချိန်မှာ သက်တော် ၅၄ နှစ် သိက္ခာတော် ၃၅ ဝါရှိနေပြီပဲဖြစ်ပါတယ်။ ဆရာတော်ကြီးကိုယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့မှာထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်လာခဲ့ပြီး ထူးခြားချက်အနေနဲ့ မိုးရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

Photo - Credit to Original Uploader
Photo - Credit to Original Uploader

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ဆရာတော်ကြီး၏ မယ်တော်ဖြစ်သူလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ မယ်တော်ကြီးမှ အရင်ဦးစွာထွက်သွားခဲ့ရသည့်သားတော် ရဟန်းရဲ့ ရုပ်ကလာပ်တော်ကို လာရောက်ကြည်ရှုနေသည့်ပုံရိပ်များသည်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။

Photo - Credit to Original Uploader
Photo - Credit to Original Uploader
Photo - Credit to Original Uploader

ဆရာတော်ကြီးရဲ့ ဥတုဇရုပ်ကလာပ်တော်ကို မုံရွာမြို့ ၊ နန္ဒဝန်ရပ်၊ သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်း တိုက်တွင် ၁၃၈၃ခု၊တပို့တွဲလဆန်း၁၃ရက်၊ (13.2.22ရက်) ၊ နေ့(၁၂) နာရီအချိန်မှာ ကျင်းပသွားမှာဖြစ်ကြောင်းကို အသိပေး ကြေညာထားပါတယ်။

Photo - Credit to Original Uploader

စစ်ကိုင်းတိပိဋကဆရာတော်ဟာ မြန်မာပြည်အနယ်နယ် အရပ်ရပ်ရှိ စာမေးပွဲ ၊ စာပြန်ပွဲပေါင်း(၅၀) ကျော်(၆၀)ခန့်ကို ဖြေဆို ၊ ပြန်ဆိုအောင်မြင်ထားသလို ဓမ္မာစရိယ(၁၀)ဘွဲ့၊ ပါဠိပါရဂူ(၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့၊တိပိဋကဓရ၊တိပိဋကကောဝိဒဘွဲ့နှင့်အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များအပါအဝင် ဘွဲ့တံဆိပ်တော်(၄၇)ဘွဲ့တိတိကိုဆွတ်ခူးရရှိထားခဲ့တဲ့ရဟန်းဖြစ်ပါတယ်။

Photo - Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။