အင်္ဂလန်ရဲ့ စံချိန်တင်ဂိုးသွင်းထားသူ Rooney ဟာ သူမန်ယူအသင်းမှာ နှစ်ရက်ကြာ တစ်ယောက်တည်းသွားခဲ့ရတာကို ဖွင့်ဟခဲ့ပါတယ်။ ဇနီးသည် Coleen ဟာ ဇူလိုင်လအတွင်းက မိန်းကလေးများနှင့် ဟိုတယ်အခန်းတွင် အိပ်ပျော်နေတဲ့ပုံအပါအဝင် နှစ်များတစ်လျှောက် ထင်ရှားကျော်ကြားတဲ့ အဖြစ်အပျက်များစွာကို ရွန်းနီအား ခွင့်လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိ ရွန်းနီဟာ သူ့ရဲ့ဇနီးနှင့် ခက်ခဲပြင်းထန်တဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ကလေးလေးယောက်ရဲ့အဖေဟာ “အရင်တုန်းက အမှားတွေရှိခဲ့တယ်၊အမြဲတမ်းအဲ့ဒါ‌ေတွကိုဆုပ်ကိုင်ထားခဲ့တယ်။ ခက်ခဲတဲ့အခိုက်အတန့်တွေ ကြုံလာတဲ့အခါ သူတို့အကြောင်းပြောပြီး ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို အဖြေရှာပြီးပါပြီ။ မင်းပထမဆုံးမြင်ရတာက ငါလုပ်ခဲ့တဲ့အရာတစ်ချို့ကို ခွင့်လွှတ်ပေးပေမယ့် မိသားစုအတွက်အကောင်းဆုံး ဘာလဲဆိုတာကို ငါတို့အမြဲတမ်းဖွင့်ဟပြီး အဖြေရှာခဲ့တယ်" လို့ပြောပြခဲ့ပါတယ်။ ဘောလုံးကြယ်ပွင့်တွေကို ရင်ဆိုင်ဖို့ ရုန်းကန်နေရချိန်မှာ သူ့ရဲ့ “မိမိကိုယ်မိမိ မူးနေခြင်း” ကို ဖုံးကွယ်ဖို့ မျက်စဉ်းခတ်တာတွေကို ဘယ်လိုအသုံးပြုခဲ့သလဲဆိုတာ ပြောပြခဲ့ပါ‌ေသးတယ်။

အဲ့တာ‌ေကြာင့် မကြာခဏဆိုသလို “ပေါက်ကွဲ‌ေဒါသထွက်ခြင်း” ကို ဖြစ်စေတယ်လို့ သူက ပြောပါတယ်။ ဒါဘီနည်းပြက “ ကိုလင်းက အချိန်တိုင်းအဲ့လို ရောက်လာတာကို တွေ့ရပါတယ်။ ကျွန်တော်လည်း အဲ့ခါကျ 'F*** it' လို့ပြောကာ အပြင်ထွက်ခိုင်းပြီး မိုက်မဲတဲ့အမှားတွေပဲ လုပ်ပါ ဆိုပြီပြောလိုက်ပါတယ်" Coleen ဟာ သူ့ရဲ့ 13 နှစ်ကြာအိမ်ထောင်ရေးကို ကယ်တင်ရန်အတွက် ညဘက်တွင် အကျဉ်းချခံရရန် အခိုင်အမာပြောဆိုထားကြောင်း စနေနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် Amazon ရဲ့ အတ္ထုပ္ပတ္တိအသစ်မှာ ရွန်းနီရဲ့ ရှေ့မှာတော့ သူဟာ “အရက်သောက်တာနဲ့ပတ်သက်ပြီး ခုချိန်မှာ ကျွန်တော့်ရဲ့ ဆက်ဆံရေးက ကောင်းပါတယ်။ ပြဿနာမရှိပါဘူး၊ အခုလည်း ထပ်ခါထပ်ခါ သောက်နေတုန်းပဲ။ အရင်လို‌ေတာ့ မဟုတ်တော့ပါဘူး။ ကစားတုန်းကလို မဟုတ်ပါဘူး။ ကောင်းကောင်းထိန်းနိုင်နေပါပြီ။ ကျွန်တော်ကိုယ် ကျွန်‌တော် အရက်သမားဖြစ်ရလောက်တဲ့ထိတော့ မသောက်ဖူးပါဘူး " လို့ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ်: The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။