သက်တော် ၅၄ နှစ် ၊ သိက္ခာတော် ၃၅ ဝါရှိတဲ့ စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန္တ အဘိဇာတာလင်္ကာရာဘိဝံသ ဟာ ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Bumrungrad ဆေးရုံမှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားဖြစ်တယ်လို့ သိရှိရပါတယ်။

ဆရာတော်ကြီးက မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောကမှာ တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အများဆုံးရရှိထားတဲ့ ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။  ဆရာတော်ကြီးကို ရိုးတွင်းချဉ်ဆီလဲလှယ်ကုသရန် အတွက် အားအင်ပြည့်လာမည့် အချိန်ကို စောင့်နေရင်း ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။

Photo - Google

ပျံလွန်တော်မူသွားတဲ့ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်လာမှာဖြစ်ပြီး အန္တိမဈာပန ကို မုံရွာမှာပဲ ကျင်းပဖို့ များတယ်လို့ သိရှိရပါတယ်။

Photo - Youtube

စစ်ကိုင်းတိပိဋကဆရာတော်ကြီးဟာ ဝါတော် ၃၅ ဝါရှိပြီဖြစ်ကာ မုံရွာမြို့၊ နန္ဒဝံရပ်၊ သဒ္ဒမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်နာယကနှင့် ရန်ကုန်မြို့၊သဒ္ဒမ္မမာနိတာရုံကျောင်းတိုက်ရဲ့ ပဓာနနာယကဆရာတော်တစ်ပါး ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။