ဗြိတိန်ဘုရင်မကြီး Elizabeth II ရဲ့ ထီးနန်းလွှဲပြောင်းယူခဲ့တဲ့ နန်းတတ် အနှစ် (၇၀) ပြည့်နှစ်အထိမ်းအမှတ်အနေနဲ့ ပွဲအခန်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲအခန်းအနားကို ပလက်တီနန်ရတုလို့ ခေါ်ဝေါ်ကြပြီး အခန်းအနားပွဲမှာ ဗြိတိန်ဘုရင်မကြီးက အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။

reuters
reuters
reuters

ပွဲအခန်းအနားမှာ ဘုရင်မကြီးက ပြည်သူတွေဖန်တီးပြုလုပ်ပေးထားတဲ့ ကိတ်မုန့်ကြီးကို ခွဲပြီး တေးဂီတအဖွဲ့ရဲ့ ဂုဏ်ပြုတေးသီချင်းကို နားဆင်ခံံစားခဲ့ပါတယ်။ ဘုရင်မကြီး Elizabeth II ဟာ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဖခင်ကြီး George VI ကွယ်လွန်ချိန်မှာ ဗြိတိန်ဘုရင်မ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

reuters
reuters
reuters

နန်းသက် နှစ် (၇၀) ပြည့်နှစ် အခန်းအနားပွဲကို ဗြိတိန်နိုင်ငံ ၊  Sandringham မှာရှိတဲ့ ဘုရင်မကြီးရဲ့ Norfolk နေအိမ်မှာပဲ အကျဉ်းချုံး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဘုရင်မကြီး နန်းသက် နှစ် ၇၀ ပြည့်အထိမ်း အမှတ်အနေနဲ့ အစိုးရရုံးပိတ်ရက်ကိုလည်း ၄ ရက်တိတိကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

reuters
reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။