ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ ကိုဗစ်လူနာ အယောက် ၄၀ နီးပါးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်- ၁၉ ရောဂါပိုးကို ဆေးရုံဝန်ထမ်းအပါအဝင် ဆေးရုံတတ်နေရတဲ့ သံဃာ တွေဆီမှာပါ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူ အယောက် ၄၀ နီးပါးရှိနေပြီဖြစ်တာကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ဆေးရုံအဝင်အထွက်ကို Lock Down ချမှတ်လိုက်တယ်လို့ သိရပါတယ်။

Photo - Cumas.net

ရန်ကုန် ဇီဝိတ ဒါန သံဃာ့ဆေးရုံကြီးမှာ ဆေးရုံဝန်ထမ်းပေါင်း ၁၀၀ ခန့်ရှိပြီး ဆေးကုသမှု ခံယူနေတဲ့ လူနာ သံဃာ အပါး ၂၀ နှင့် သီလရှင် ၇ ပါး စုစုပေါင်း ၁၂၇ ဦး ရှိပြီး ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံရသည့်အရေအတွက်မှာ ၄၀ နီးပါးရှိနေပြီဖြစ်တာကြောင့် အခုလို Lock Down ချလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ရောဂါပိုးကူးစက်ခံရသူများမှာ ပြင်ပအဝင်အထွက်မှ ကူးစက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

Photo - Cumas.net

ရန်ကုန် ဇီဝိတ ဒါန သံဃာ့ဆေးရုံကြီးဟာ သံဃာတော်များ၊ သီလရှင်များနှင့် ပြင်ပလူနာများအား အထွေထွေရောဂါများ ကုသပေးနေတဲ့ ကုသိုလ်ဖြစ်ဆေးရုံဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုကြောင့် ကိုဗစ်ဒုတိယလှိုင်းမစတင်မီကတည်းက မျက်စိဌာန၊ ခွဲစိတ်ဌာနနှင့် ပြင်ပလူနာဌာနများကို ကုသမှုရပ်နားထားတာဖြစ်ကြောင်းသိရပါတယ်။

Photo - Credit 

မကြာသေးမီကမှ ရပ်နားထားသည့် ကုသမှုဌာနများကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဝန်ထမ်းများအပါအဝင် ကုသမှုခံယူနေသည့် သံဃာ များ၌ပါရောဂါပိုးတွေ့ရှိရသဖြင့် အခုလို Lock Down ချမှတ်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။