နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းသဖြင့် ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ရုံးချိန်းကို တတ်ရောက်နိုင်ခဲ့ခြင်းမရှိဟု သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်းများစွာဖြင့်တရားစွဲဆိုထားပြီး လက်ရှိမှာတော့ ပုဒ်မ ၅ ခုအတွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရကာ ၂ နှစ်ကို ပြန်လည်လျော့ပေးထားတယ်လို့ သိရပါတယ်။

Google

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရုံးချိန်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ စီးပွားရေး အကြံပေး ရှောင်တာနယ်လ် အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၅ ဦးကို စွဲဆိုထားသည့် ပုဒ်မ ၃(၁)(ဂ) အမှုကို စစ်ဆေးရန်အတွက် ဖြစ်တယ်လို့ သိရှိရပါတယ်။

Google

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ရုံးချိန်း မတတ်ရောက်နိုင်သဖြင့် နောက်တစ်ခေါက် ရုံးချိန်းကို နောက်အပတ် ကြာသပတေးနေ့သို့ ရွှေ့ဆိုင်းသွားမယ်ဖြစ်ကြောင်း သိရပါတယ်။

Google

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် လက်ရှိမှာ အသက်က ၇၇ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာနိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။