မြန်မာဘက်က စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် မဲ့ကိုကင်းနွားခြံယာယီ စစ်ဘေးရှောင်စခန်းကို မြန်မာပြည်ဘက်ကမှ လက်နက်ကြီးဒဏ်ကြောင့် ရှောင်ပြေးလာသောပြည်သူများ ယာယီ မှီခိုနေထိုင်ရန်အတွက် ထိုင်းဘက်က ဖွင့်လွှစ်ပေးထားခဲ့တာဖြစ်ပါတယ်။ မကြာသေးမီအချိန်က မဲ့ကိုကင်းနွားခြံယာယီ စစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးသိမ်းရှောင်လာသူ စစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင်များက အသုတ်လိုက်ခွဲကာ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက်မှာ စစ်ဘေးရှောင်စခန်းကိုပါ ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

မဲ့ကိုကင်း ယာယီစစ်ဘေးရှောင်စခန်းကို မပိတ်သိမ်းမီကမြင်တွေ့ရသည့် မြန်မာစစ်ဘေးရှောင်များ(AAC) 
မဲ့ကိုကင်း ယာယီစစ်ဘေးရှောင်စခန်းကို မပိတ်သိမ်းမီကမြင်တွေ့ရသည့် မြန်မာစစ်ဘေးရှောင်များ(AAC) 

မဲ့ကိုကင်း ယာယီစစ်ဘေးရှောင်စခန်းကို ပိတ်သိမ်းလိုက်သော်လည်း စစ်ဘေးရှောင်ပြည်သူများ အယောက် ၃၀၀၀ ခန့်မှာ နေရပ်ကို မပြန်နိုင်သေးဘဲ နယ်ခြားမျဉ်းအနီးတွင် ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရှိရပါတယ်။

မဲ့ကိုကင်း ယာယီစစ်ဘေးရှောင်စခန်းကို မပိတ်သိမ်းမီကမြင်တွေ့ရသည့် မြန်မာစစ်ဘေးရှောင်များ(AAC) 

မဲ့ကိုကင်းမဲ့စစ်ဘေးရှောင်စခန်းဟာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ တည်ရှိတဲ့စခန်းတစ်ခုဖြစ်ပြီး မြဝတီမြို့တောင်ဘက်အရပ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကာလအတွင်း မြန်မာပြည်သူများ အချိန်တစ်လကျော်ကြာနေထိုင်ခဲ့ရသည့် စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Source - ရဲမင်း(AAC)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။