ဆိုက်ဘာလုံခြုံရေးဥပဒေအသစ်အရ Virtual private networks (VPN) သုံးစွဲမှုကို တားမြစ်ရန်စီစဉ်နေပြီး အင်တာနက်အသုံးပြုခွင့်ကို လျော့ချရန် စစ်ကောင်စီဘက်မှ စီစဉ်လျက်ရှိတယ်လို့သိရပါတယ်။ ဒီအကြောင်းအရာက စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေအား ပြန်လည်ပြင်ဆင်သည့် မူကြမ်း အခန်း (၁၇) ရဲ့ ပုဒ်မ (၉၀) မှာ ပါဝင်လာတာလို့ ထွက်ရှိလာတဲ့ မူကြမ်းတွေရဲ့ အဆိုအရ သိရပါတယ်။

Photo Credit to Original Uploader

ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ Virtual Private Network(VPN) နည်းပညာ သို့မဟုတ် အလားတူနည်းပညာအသုံးပြုခဲ့မယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး တစ်နှစ်ကနေ အများဆုံးသုံးနှစ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ မူကြမ်းစာထဲမှာ ဖော်ပြထားပါတယ်။

CyberArk

မြန်မာနိုင်ငံမှာဆိုရင် ဖေဖော်ဝါရီလက စတင်လို့ လူမှုကွန်ရက်စာမျက်နှာတွေ ၊ အင်တာနက်ဝပ်ဘ်ဆိုက်တွေကို VPN ခံကာ အသုံးပြုနေရတာဖြစ်ပါတယ်။ ဒီသတင်းသာ အတည်ဖြစ်သွားခဲ့ရင်တော့ အင်တာနက်သုံးစွဲသူတွေအားလုံး အချိန်မရွေး ဖမ်းဆီးအရေးယူခံရနိုင်ချေရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။