မျက်မှောက်ခေတ်ကာလမှာဆိုရင် နည်းပညာတွေတိုးတတ်လာတာနှင့်အမျှ နည်းပညာဆက်စပ်ပစ္စည်းတွေမှာ အချိန်ပိုပြီး သုံးမိလာတာကြောင့် စာအုပ်ဝယ်ဖတ်သူတွေ ပိုပြီးနည်းလာပါတယ်။ အချိန်မပေးနိုင်၍သော်လည်းကောင်း စာအုပ်ဆိုင်ကို တစ်ကူးတက လိုက်မရှာနိုင်၍ သော်လည်းကောင်း အကြောင်း အမျိုးမျိုးကြောင့်လည်း စာအုပ်တွေ သိပ်ပြီးမဝယ်ဖြစ်ကြတော့ပါဘူး။

Photo - Crd

စာအုပ်ရှာဝယ်ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် လှည်းတန်းဦးထွန်းလင်းခြံလမ်းထဲမှာ စာအုပ်လေးတွေကို စက်ဘီးလေးထဲထည့်ပြီး ရောင်းချပေးနေတဲ့ စာအုပ်စက်ဘီးဆိုင်လေးရှိနေပါပြီနော်။ ကားမှတ်တိုင်မှာ ကားစောင့်ရင်းဖြစ်ဖြစ် လမ်းသွားလမ်းလာရင်းနဲ့ ကြုံလို့ပဲဖြစ်ဖြစ် စာအုပ်စက်ဘီးဆိုင်လေးကနေ စာအုပ်လေးတွေ အားပေးလို့ရတယ်လို့ သိရပါတယ်။

Photo - Crd

စာအုပ်စက်ဘီးဆိုင်လေးဟာ နေ့စဉ်ညနေ ၅ နာရီလောက်အထိ ဦးထွန်းလမ်းခြံလမ်းမှာ ရှိနေမယ်ဖြစ်ကြောင်း သိရပါတယ်။ စာအုပ်စက်ဘီးဆိုင်လေးရဲ့ နာမည်က KOT ဖြစ်ပြီးစာအုပ်ဈေးနှုန်းလေးတွေကိုလည်း ၁၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ဈေးလေးတွေလျော့ပေးထားပါတယ်။

Photo - Crd

လှည်းတန်းအောက်ဘက် ဗဟိုလမ်းမှာတော့ KOT စက်ဘီးစာအုပ်ဆိုင်လေးရဲ့ ပင်ရင်းဆိုင် KOT Mini Book Shop ဆိုင်လေး ရှိပါတယ်။ လမ်းကြုံရင်း စာအုပ်ဝါသနာရှင်တွေ ဝယ်ယူအားပေးနိုင်ဖို့ မေတ္တာမြင့် ဒီအကြောင်းအရာလေးကို တင်ပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။