ယမန်နေ့ ဇန်နဝါရီ(၂)ရက်နေ့ဟာ ကရင်နှစ် ( ၂၇၆၁) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ကရင် နှစ်သစ်ကူးနေ့ပွဲတော်ကို မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများသာမက တိုင်းရင်းသားလူမျိုးပေါင်းစုံက ပျော်ရွှင်စွာ အကျဥ်းချုပ်ကျင်းပခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိကြတဲ့ ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေကလည်း ပျော်ရွှင်စွာ မိမိရိုးရာအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

ထိုသို့ ကျင်းပခဲ့ရာမှာ ကရင်ရိုးရာအကဖြစ်တဲ့ ကရင်ဒုံးယိမ်းအက ကို သွေးသစ္စာသီချင်းနောက်ခံဖြင့် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို မမေ့ရလေအောင် ကပြဖျော်ဖြေသွားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ အတော်လေးရေပန်းစားနေတာပဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ထို ဗီဒီယိုဖိုင်လေးကိုကြည့်ရှုခံစားနိုင်အောင် ဖော်ပြလိုက်ရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။