ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ၊ သက်တော်စောင့်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုရဲအုပ်ချယ်ရီထက်ဟာ နေပြည်တော်တွင်ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ သူမကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo - Crd 

အမှုဖွင့် ဖမ်းဆီးပြီးနောက်မှာ နေပြည်တော် အချုပ်ထောင်သို့ပို့ကာ ထောင်တွင်း အထူးတရားရုံးဖြင့် စစ်ဆေးနေခဲ့တာလို့ သိရပါတယ်။ ချယ်ရီထက်ကို ရဲတပ်ဖွဲ့ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားပြီး ဖမ်းဆီးစဉ်က အမှုဖွင့်ခံထားရသည့် ပုဒ်မ ၅၀၅ (က) အတွက်ကိုမူ လက်ရှိအချိန်အထိ တရားရင်ဆိုင်နေရဆဲဟု သိရှိရပါတယ်။

Photo - Crd

ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းဆုကြည်နှင့်အနီးကပ်နေထိုင်ခဲ့သည့် သက်တော်စောင့်တစ်ယောက်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ဝင်အချို့နှင့် ဆက်သွယ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။

Photo - Crd

လက်ရှိအချိန်မှာ ချယ်ရီထက်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီး ရမည်းသင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားတယ်လို့ သိရှိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။