မြန်မာ့ထီးနန်း၏သက်တော်ရှည်မင်းသမီးကြီးတစ်ပါးဖြစ်တဲ့ မင်းတုန်းမင်းတရားကြီး၏မြစ်တော် ၊ သီပေါမင်း၏ မြေးတော် ထိပ်စုဘုရားကြီးဟာ ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တုန်းက ကံတော်ကုန်သွားခဲ့တာဖြစ်ပါတယ်။ ထိပ်စုဘုရားကြီးဟာ သီပေါမင်း၏ စတုထ္ထသမီးတော် အရှင်ထိပ်စုမြတ်ဘုရားကလေးနှင့် မြောက်သားတော် ကိုကိုနိုင်တို့ရဲ့ သမီးတော်ဖြစ်ပါတယ်။

Photo - Credit to Original Uploader

ခမည်းတော် ကိုကိုနိုင် ၊ မယ်တော် အရှင်ထိပ်စုမြတ်ဘုရားကလေးတို့မှ ဖွားမြင်တာမှာ သားသမီး ခြောက်ယောက်ရှိပြီး ထိပ်စုဘုရားကြီးက ဒုတိယမြောက်ဖြစ်ပါတယ်။

Google

ထိပ်စုဘုရားကြီးကို ထိုင်းနိုင်ငံရဲ့ မင်းသားတစ်ပါးနှင့် လက်ဆက်ဖို့ ကမ်းလှမ်းခဲ့ဖူးတာကြောင့် ထိုင်းနိုင်ငံပြည်သူတွေကြားမှာ “ထိုင်းနိုင်ငံရဲ့ မိဘုရားခေါင်ကြီး”အဖြစ်နဲ့ ပြောဆိုတာတွေရှိခဲ့ဖူးပါတယ်။

ထိပ်စုဘုရားကြီးနှင့်ကြင်ယာတော်

ထိပ်စုဘုရားကြီးကို ကမ်းလှမ်းခဲ့တဲ့ ထိုင်းမင်းသားဟာ အာနန္ဒာအမည်နဲ့ နန်းတတ်ခဲ့ပြီး အသက်ငယ်ငယ်နဲ့သေနတ်ထိမှန်ကာ နတ်ရွာစံခဲ့တယ်လို့ သိရပါတယ်။ ထိပ်စုဘုရားကြီးနှင့် လက်ဆက်ခဲ့သူကတော့ မွန်မင်းအနွယ်ဝင်ထဲက ဦးမောင်မောင်ခင် ဖြစ်တယ်လို့ သိရပါတယ်။

Photo - Credit to Original Uploader
Photo - Credit to Original Uploader

ထိပ်စုဘုရားကြီး (ခ) ဒေါ်စုစုခင် (ဘွားမေ) ဟာ သက်တော် (၉၉နှစ်) အရွယ်မှာ ကံတော်ကုန်သွားခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။