မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကိုယ်အလေးချိန်တိတိသာသာ ကျနေတဲ့ ဓာတ်ပုံတစ်ပုံဟာ တောင်ကိုရီးယားအင်တာနက်သုံးစွဲသူတွေကြားမှာ တော်တော်လေး ဝေဖန်မှုများနေခဲ့ပါတယ်။ ဓာတ်ပုံထဲမှာဆိုရင် ကင်ဂျုံအန်းရဲ့ မျက်နှာဟာ ပိုပြီးသေးသွယ်နေပြီး အရင်က ဖောင်းနေကြ ပါးတွေလည်းလျော့ကျနေခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကိုယ်အလေးချိန် တိတိသာသာကျနေတဲ့ ဓာတ်ပုံဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့တုန်းက တောင်ကိုရီးယား သတင်းဌာနတစ်ခုကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံဟာ မြောက်ကိုရီးယား 'အလုပ်သမားများပါတီဗဟိုကော်မတီ၏ ၄ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့' အခန်းအနားကို တတ်ရောက်ခဲ့တဲ့ ကင်ဂျုံအန်းရဲ့ဓာတ်ပုံဖြစ်ပါတယ်။

မြောက်ကိုရီးယား 'အလုပ်သမားများပါတီဗဟိုကော်မတီ၏ ၄ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့' အခန်းအနားကို တတ်ရောက်ခဲ့တဲ့ ကင်ဂျုံအန်းရဲ့ဓာတ်ပုံ

ဓာတ်ပုံထဲမှာ ကင်ဂျုံအန်းက အပေါ်ဝတ် အနက်ရောင် အစင်းအင်္ကျီနဲ့ အောက်မှာ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားပါတယ်။ လည်စည်းက ငွေရောင်ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ ကင်ဂျုံအန်းရဲ့မေးရိုးက အရင်ကဓာတ်ပုံတွေထက် ပိုပြီး သွယ်နေပါတယ်။ အင်္ကျီရဲ့ လည်ပင်းကလည်း နည်းနည်းပွရောင်းရောင်းဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ကင်ဂျုံအန်းတစ်ယောက် ကိုယ်အလေးချိန်၂၀ ကီလိုဂရမ် ကျသွားတယ်လို့ သတင်းတွေထွက်ပေါ်ထားတာကြောင့် အဲဒီအချိန်ကစပြီး ဝိတ်ကျနေခဲ့တာဖြစ်နိုင်တယ်လို့ အင်တာနက်သုံးစွဲသူများက သုံးသပ်ထားကြပါတယ်။

Google

တောင်ကိုရီးယား အင်တာနက်အသုံးပြုသူများကတော့ မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအန်းကိုယ်အလေးချိန် ကျသွားတာနဲ့ပတ်သတ်ပြီး အခုလိုမျိုး ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပါတယ်။

 “အခု Shopping Mall တွေမှာပေါ်လာတော့မယ် .. ကင်ဂျုံအန်းရဲ့ Diet plan ရောင်းဖို့ရှိတယ်ဆိုပြီး”

 “ကိုယ်အလေးချိန်ကို ထပ်ချပါဦး .. ကိုယ့်နိုင်ငံသားတွေကို မရှက်ဘူးလား”

 “ကင်ဂျုံအန်း Diet စီးပွားရေးလုပ်လို့ရပြီ”

 “သူ့မှာဆီးချိုရှိနေတာဖြစ်နိုင်တယ်”

 “လေ့ကျင့်ခန်းလုပ်နေတာလို့တော့မထင်ဘူး .. ဆီးချိုဖြစ်နေတာဖြစ်မယ်”

 “အဆီကျသွားအောင်လုပ်နည်းလေးမျှဝေပေးပါဦး”

 “သူက ကင်ဂျုံအန်းမဟုတ်ဘူးနော် ..ဘယ်သူကြီးလဲ”

 “ဝိတ်ချနည်းလျို့ဝှက်ချက်လေး မျှပေးပါဦး”

Google

ဒါလေးတွေကတော့ ကိုယ်အလေးချိန်ကျသွားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို တောင်ကိုရီးယားက အင်တာနက်သုံးစွဲသူတွေ ဝေဖန်ထားတဲ့ ဝေဖန်ချက်လေးတွေပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာတော့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ကင်ဂျုံအန်းကြီးဟာ တောင်ကိုရီးယားမှာတော့ တကယ့်ကို ဟာသသာသာပဲ ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။