ဗေဒင်ဆရာ လင်းညို့တာရာ ဟာဆိုရင် မှန်ကန်တဲ့ဟောချက်တွေနဲ့အရမ်းကိုတော်တဲ့ လူငယ်ဗေဒင်ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဗေဒင်ဆရာ လင်းညို့တာရာကို စစ်ကောင်စီမှ နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ဖေဖော်ဝါရီကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဆရာလင်းညို့တာရာကို စစ်အာဏာရှင် ကျဆုံးရေး လူမှုကွန်ရက်တွင် အစီအရင်များ တင်မှုဖြင့်ဆိုကာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo - Crd

အကြောင်းအရာ ရေရေရာရာ မရှိပေမယ့် ဆရာ လင်းညို့တာရာကို အခုအချိန်ထိ ပြန်မလွှတ်ပေးသေးတဲ့အပြင် ဒီကနေ့ ရုံးချိန်းမှာဆိုရင် ထောင်ဒဏ် ၂ နှစ်တောင် ချမှတ်လိုက်ပြန်ပါတယ်။ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဆရာလင်းညို့တာရာဟာ သူအဖမ်းမခံရသေးခင်မှာ ၂၀၂၁ ခုနှစ်အတွက်ဆိုပြီး ဟောကိန်းတစ်ခုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဆရာလင်းညို့တာရာဟာ နှစ်စဉ်နှစ်တိုင်း နှစ်သစ်တစ်ခုမစခင်မှာ နှစ်သစ်တွင် ဖြစ်နိုင်ခြေများသော အခြင်းအရာများအား ကြိုတင်နိမိတ်ထုတ်လေ့ရှိပါတယ်။ ဆရာ လင်းညို့တာရာရဲ့ ၂၀၂၁ ခုနှစ်အတွက် ဟောကိန်းလေးကိုလည်း အားလုံးပြန်ဖတ်လို့ရအောင်တင်ပေးလိုက်ပါတယ်။

Photo - Crd

၁. အချို့သော လက်နက်ကိုင်များဖြင့် ချစ်ကြည်ရေးဖြစ်ပြီး ပြေလည်မှုများ ဖြစ်တတ်သည်။

၂. ပြည်တွင်းစစ်များ သိသာစွာ အားနည်းလာတတ်သော်လည်း စီးပွားရေးထိုးစစ်များဖြင့် အပြိုင်အဆိုင်များ ဖြစ်ပေါ်လာတတ်သည်။

၃. မြန်မာပြည်ကြီး ၏ အမြင့်ဆုံး အဖွဲ့အစည်းများစွာတို့ အပြောင်းအလဲများစွာဖြစ်တတ်သည်။

၄. ဩဇာအာဏာကြီးမားသော ဆရာတော်ကြီးများ နှင့် ပုဂ္ဂိုလ်ကြီးများ သုံးပါး သို့ သုံးယောက် သေဆုံးမှု ဖြစ်မည်။

၅. နိုင်ငံတကာတွင် မြန်မာနိုင်ငံ ၏ သတင်းများ ထိုးတက်အောင်ကို အပြောင်းအလဲအဆိုးအကောင်း များစွာ ဖြစ်ပေါ်တတ်သည်။

၆. တန်ဖိုးကြီး အလွန်ရှားပါးသော ရတနာကြီးတစ်ခု သို့ တစ်ခုထက် မနည်း တူးဖော်ရရှိတတ်သည်။

၇. အစိုးရပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများ အလွန်များသောနှစ်ဖြစ်ပြီး စပ်စပ်ထိမခံသော အစိုးရတစ်ရပ် ဖြစ်ပေါ်တတ်သည်။

၈. နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်း သို့ ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ် ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။

၉. နိုင်ငံတော်တစ်ဝှမ်း စီးပွားရေးအလွန်အားကောင်းလာပြီး စီးပွားရေးဖြင့် ပတ်သက်သော ကြေငြာချက်အသစ်တစ်ခု သို့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာတတ်သည်။

၁၀. တိုက်ပြိုခြင်း မြေပြိုခြင်း တံတားကျိုးခြင်း စသော ရေ နှင့် မြေကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်တတ်သည်။

၁၁. ကမ္ဘာမှာ ရောဂါဆန်းပေါ်လာတတ်သော်လည်း ကိုရိုနာလောက် Epidemic မဖြစ်တတ်ချေ။

၁၂. ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံသည် သိသိသာသာ ရေပန်းစားလာတတ်သည်။

၁၃. ကာလအတန်ကြာပျောက်ဆုံးနေကြသော ပုဂ္ဂိုလ်ဟောင်းများ လူဟောင်းများ မျက်နှာဖော်၍ ပြန်လည်ပေါ်ပေါက်လာတတ်သည်။

၁၄. ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲ ရှိတတ်သည်။

၁၅. ရာဇဝတ်မှုများ နှင့် မိမိကိုယ်မိမိ သတ်သေသောအမှုများ ပိုမိုများပြားလာတတ်သည်။

၁၆. ဂမ္ဘီရဆိုင်ရာဆရာများ များပြားလာတတ်ပြီး မြန်မာပြည်အခြေစိုက် ဂမ္ဘီရပညာများ ကမ္ဘာက သိသိသာသာ သိရှိလာတတ်သည်။

၁၇. အထင်ကရ နတ်ပုံတော်များ ပျက်စီးခြင်း နိမိတ်မကောင်းသောအခြင်းအရာများ ဖြစ်ခြင်း ဖြစ်ပေါ်တတ်သည်။

၁၈. ထူးခြားထင်ရှားသော သာသနာနယ်မြေများ သာသနာအဆောက်အဦ်းများ ဘုရားများ ပုံမှန်ထက်ပိုလွန်ပြီး ထူးခြားစွာဖြစ်ပေါ်တတ်သည်။ ဥပမာ - ကမ္ဘာ့ပထမဆုံး ဘုရား ၊ အကြီးဆုံးဘုရား စသဖြင့်ပါ။

၁၉. သိသာထင်ရှားပေါ်ပေါက်လာတတ်သော အမှောင်ဖြစ်ရပ်များစွာ ဖြစ်ပေါ်တတ်သည်။ ထိုအခြေအနေများ မပေါ်ခင်မှာ ဦးစွာ သတင်းပေးမည် ဖြစ်ပါသည်။

၂၀၂၁ သည် ၂၀၂၀ ထက်စာရင် ပိုမိုကောင်းမွန်သော နေ့ရက်များစွာ ရှိတတ်ပါသည်။ အစိုးရပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများသည် သာမန်ထက်ပိုမို လွန်ကဲတတ်ပြီး အတွင်းပိုင်း ပြဿနာများဖြင့် အဆင်မပြေမှုများ ဖြစ်နေတတ်သည်။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးများ ပြန်လည် တိုးတက်လာတတ်ပြီး နိုင်ငံတကာဖြင့် လက်တွဲနိုင်သည့် လုပ်ငန်းများစွာ တဖြည်းဖြည်း ပြန်လည်တိုးတက်လာစေသော နှစ်တစ်နှစ်လေးပါ။ လူတွေအနေနဲ့ အရင်ထက် လောဘ ၊ ဒေါသ ၊ မောဟ ပိုမို များပြားလာတတ်ပါသည်။ ဒီအရာက သာမန်မဟုတ်သော သေဆုံးခြင်းဆီကို ပို့ဆောင်ပေးတတ်ပါသည်။ စိတ်ကြောင့်ပိုမို သေဆုံးမှုများ ဖြစ်တတ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာအားဖြင့် အလွန်ကြီးမားသော ရှာဖွေတွေ့ ရှိမှုကြီးတစ်ခု ဒီနှစ်မှာ ရှာဖွေမိတတ်ပေသည်။ မြန်မာနိုင်ငံဖြင့် မသက်ဆိုင်သော်ငြားလည်း 21 ရာစု၏ အကြီးဆုံး တွေ့ရှိမှုကြီးတစ်ခု ဖြစ်သွားတတ်ပေသည်။

Photo - Crd

ဆရာလင်းညို့တာရာဟောခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဟောချက်တွေထဲမှာ အချို့အချက်တွေက တော်တော်လေးမှန်ပါတယ်။ ဖမ်းဆီးအကျဉ်းချခံထားရတာဖြစ်တာကြောင့် ဆရာလင်းညို့တာရာရဲ့ ၂၀၂၂ ခုနှစ်အတွက် ဟောချက်တွေကိုတော့ ဆက်ပြီး ဖတ်လို့ရနိုင်တော့မှာမဟုတ်ပါဘူး။ ထောင်ဒဏ် ၂ နှစ် ကျခံရတာနဲ့ပတ်သတ်ပြီး ဆရာလင်းညို့တာရာရဲ့ ချစ်ရသူ ၊ အပေါင်းအသင်း ဆွေမျိုး မိသားစုဝင်တွေအားလုံး နဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီကနေ့မှာတော့ ဆရာလင်းညို့တာရာအပါအဝင် ၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နှင့် စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်တို့ကိုပါ အလုပ်ကြမ်းနှစ် ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။