ကိုဗစ် - ၁၉ ရဲ့ မျိုးကွဲဗီဇ ဗိုင်းရပ်တစ်မျိုးဖြစ်တဲ့ အိုမီခရွန်ဗိုင်းရပ်စ်ပိုးဟာ ထိုင်းနိုင်ငံမှာ တော်တော်လေး ပျံ့နှံ့လာပြီလို့ သိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ အစိုးရအနေနဲ့ အရင်က နိုင်ငံခြားခရီးသည်တွေကို ကွာရန်တင်းကင်းလွတ်ခွင့်အစီအစဉ်ဖြင့် ရောဂါပိုးစစ်ဆေးပြီး ပြည်ဝင်ခွင့်ပေးတဲ့အစီအစဉ် Test and Go ကို ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက် ၊ ဗုဒ္ဓဟူးနေ့မှ စတင်  ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံခြားမှ ဝင်ရောက်လာသူများအနေနဲ့ ဟိုတယ်ကွာရန်တင်း(သီးသန့်ခွဲခြားနေထိုင်ခြင်း) ၇ ရက်မှ ၁၄ ရက် ဝင်ရမယ်လို့ သိရပါတယ်။

Google
Google

လက်ရှိမှာတော့ထိုင်းနိုင်ငံမှာ အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူ ၆၃ ဦးထိ ရှိသွားပြီပဲဖြစ်ပါတယ်။ တိုးတတ်လာတဲ့ အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူအရေအတွက်ကြောင့်ထိုင်းနိုင်ငံအစိုးရအနေနဲ့ အခုလို ကွာရန်တင်းအစီအစဉ်ကို ပြန်လုပ်လိုက်ရတာလို့ သိရပါတယ်။

Google

အိုမီခရွန်ရောဂါပိုးစတင်ပြန့်နှံ့နေပြီဖြစ်ပေမယ့် နှစ်တိုင်းကျင်းပနေကြ New Year ပွဲတော် နှစ်သစ်ကူးပွဲတော်ကိုတော့ လူအယောက် ၁၀၀၀ ကျော်အထိ လက်ခံပြီး ကျင်းပပြုလုပ်ခွင့်ပေးမယ်လို့ သိရပါတယ်။ ချွင်းချက်အနေနဲ့ နှစ်သစ်ကူးပွဲတော်ကို လာရောက်မည့်သူများအနေနဲ့ ပွဲအခန်းအနားထဲကို မဝင်ခင် ကိုဗစ် - ၁၉ ရောဂါပိုး Rapid Test စစ်ဆေးချက် Negative ဖြစ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှစ်သစ်ကူး Happy New Year ညမှာ လေအလုံပွင့်ဈေးဆိုင်တွေကိုလည်း ည၁ နာရီအထိ ဖွင့်ခွင့်ပေးသွားမယ်လို့ ထိုင်းအစိုးရကကြေညာထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။