ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖားကန့်မှာ မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၁၀၀ ကျော်လောက် ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မြေစာပုံပြိုကျလို့ ပျောက်ဆုံးနေတဲ့စာရင်းဟာ လက်ရှိအချိန်အထိ ကနဦးသိရှိချက်အရ အယောက် ၁၀၀ လောက်ရှိသွားပြီလို့ သိရပါတယ်။

Photo - Credit to Original Uploader (19.12.2021 ကပုံ)

မြေစာပုံပြိုကျမှုဟာ ဖားကန့်မြို့ ၊ မှော်စီစာကျေးရွာ အနီးမှာရှိတဲ့ သာယာကျေးရွာက ကုမ္ပဏီလုပ်ကွက်တစ်ခုမှာဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ ကျောက်စိမ်းတူးဖော်သည့်အလုပ်က အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုဖြစ်တာကြောင့် အခုလို လူအများအပြား မြေစာပုံပြိုကျတဲ့အထဲ ပါသွားခဲ့ရတာပါ။

Photo - Credit to Original Uploader (19.12.2021 ကပုံ)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းကလည်း မြေစာပုံပြိုကျမှုကြောင့် လူ ၁၀ ယောက်ကျော်လောက် ပျောက်ဆုံးမှုတွေရှိခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ အယောက် ၁၀၀ ကျော်လောက်ထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေတဲ့သူတွေထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေ ၊ ဈေးရောင်းချသူတွေ ပါဝင်ကြောင်း သိရပါတယ်။ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ရောက်နေပြီလို့ သိရပါတယ်။ ပျောက်ဆုံးနေတဲ့သူတွေကို အသက်ရှင်လျက်ပြန်လည်ရှာတွေ့ဖို့ မျှော်လင့်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။