ဆောင်းရာသီရဲ့အေးစက်စက်မနက်ခင်းတွေဟာ နွေးထွေးတဲ့အရိပ်အမြုံရှိတဲ့သူတွေအဖို့ အိပ်လို့ကောင်းပြီးမထချင်တဲ့နေ့ရက်တွေဖြစ်ပေမယ့် ခက်ခဲနေတဲ့လုံခြုံနွေးထွေးတဲ့ရိပ်မြုံမရှိတဲ့သူတွေအဖို့တော့ခါးသီးလွန်းလှတဲ့နေ့ရက်တွေပါ။ အခုအဘရဲ့ နာမည်ကဦးစန်းဖြစ်တယ်လို့သိရပါတယ်။ အဘရဲ့အသက်ဟာ ၇၄ နှစ်ရှိပြီဖြစ်ပြီး လူပျိုကြီးတစ်ကောင်ကြွက်ဖြစ်ပါတယ်။ အဘဟာ အများကြီးမတောင်းဆိုထားဘဲ သားသမီးဆွေမျိုးမရှိတာကြောင့်ရိပ်သာလေးမှာပဲ နေချင်တယ်လို့ပြောလာပါတယ်။

Photo - Crd

အေးချမ်းလွန်းလှတဲ့ဆောင်းရာသီမှာအဘဟာဓမ္မရုံအရှေ့လေးမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့နေထိုင်ရင်းစောင်မရှိ ၊ ခြင်ထောင်မရှိဘဲ နေထိုင်နေရရှာပါတယ်။ အေးလွန်းလို့သဘတ်အကြမ်းလေးကို မလုံ့တလုံခြုံနေရတဲ့အဘဟာ ဒီတိုင်းနေရင်းနဲ့ပဲ သေမယ့်နေ့ကိုစောင့်နေရတဲ့အထိဖြစ်နေတယ်လို့ဆိုပါတယ်။

Photo - Crd

အဘကိုတွေ့ရှိခဲ့ပြီးအဘနဲ့ပတ်သတ်တဲ့အကြောင်းလေးတွေ ပြောပြပေးခဲ့သူကတော့ လူငယ်စတားလူရွှင်တော်အဖွဲ့မှ ဟားလေးဖြစ်ပါတယ်။ အဘအခုလက်ရှိနေထိုင်နေတဲ့ နေရာလေးက လှိုင်သာယာ ၊ (၂၀) ရပ်ကွက်,ငွေလမင်းလမ်း၊ အပိုင် (၃) ဓမ္မာရုံ အရှေ့လေးမှာလို့ သိရပါတယ်။ အဘကို နွေးထွေးတဲ့ဘိုးဘွားရိပ်သာလေးကို ပို့ပေးချင်ရင်ဖြစ်ဖြစ်လှူဒါန်းပေးချင်လိုပဲဖြစ်ဖြစ် ဖုန်းဖြင့်အရင်ဆုံးဆက်သွယ်လိုပါက 09.458186150 ဖုန်းနံပါတ်လေးကို ဆက်သွယ်လို့ရတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။