ဂျပန်သတင်းထောက် Yuki Kitazumi ဟာမြန်မာပြည်မှာအာဏာသိမ်းမှုစတင်ဖြစ်ပွားလာကတည်းကပြည်သူတွေနှင့်အတူရပ်တည်ပေးခဲ့တဲ့သူဖြစ်ပါတယ်။မြန်မာပြည်ရဲ့ပုံရိပ်များကိုကမ္ဘာကသိစေရန်ကြေညာပေးခဲ့တဲ့ Yuki Kitazumi ဟာ ဂျပန်နိုင်ငံကိုပြန်ရောက်သွားခဲ့တဲ့အခါမှာလည်းမြန်မာပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးလျက်ရှိတဲ့သူဖြစ်ပါတယ်။အခုတစ်ခေါက်မှာလည်းမြန်မာပြည်မှာဒီဇင်ဘာလ၁၀ရက်နေ့တုန်းကပြုလုပ်ခဲ့တဲ့ “Silent Strike”မှာဖမ်းဆီးခံခဲ့ရပြီးအိမ်မပြန်လာနိုင်တော့တဲ့ဓာတ်ပုံဆရာကိုစိုးနိုင်နှင့်ပတ်သတ်ပြီးဂျပန်သတင်းထောက် Yuki Kitazumi က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Yuki Kitazumi 

“ကျွန်တော် တိုကျိုမြို့မှာရှိတဲ့ ဇိုဂျိုဂျီ ဘုရားကျောင်းမှာကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ကျက်သရေရှိမှုတွေကိုပြသတဲ့ ဓာတ်ပုံပြပွဲကို သွားခဲ့တယ်။ ဒီဓာတ်ပုံလေးတွေက မြန်မာနိုင်ငံအေးချမ်းတဲ့ အချိန်တုန်းက ဂျပန်ဓာတ်ပုံဆရာ ၄ ယောက် ရိုက်ကူးခဲ့တဲ့ ပုံလေးတွေပါ။

လက်ရှိမြန်မာနိုင်ငံမှာ များပြားလှတဲ့ ဓာတ်ပုံဆရာတွေအဖမ်းခံနေရပါတယ်။ မစ္စတာ Sona Inn ဟာဆိုရင်လည်း အသံတိတ်သပိတ် ကျင်းပနေတဲ့ကာလမှာအဖမ်းဆီးခံခဲ့ရတာပါ။ သူအိမ်မပြန်နိုင်တော့ပါဘူး။ မြန်မာသတင်းထောက်တွေနှင့်အတူ ကျွန်တော်တို့အတူတကွရပ်တည်နေကြောင်း ပြသပါတယ်။”

Yuki Kitazumi 

ဒီအကြောင်းအလေးကို ဂျပန်သတင်းထောက် Yuki Kitazumi က သူ့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံဆရာ စိုးနိုင်ရဲ့ ပုံလေးနှင့်အတူ တင်ပေးထားတာပဲဖြစ်ပါတယ်။ Yuki Kitazumi ဟာ မြန်မာပြည်သူပြည်သားတွေနှင့်အတူ ရပ်တည်နေတဲ့သူဖြစ်ပြီး မြန်မာပြည်ရဲ့ သတင်းတွေကို အမြဲနားဆွင့်နေတဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။