လူအများဖြင့်စည်ကားနေကြဖြစ်တဲ့ Myanmar Plaza မှာဆိုရင် ဆန္ဒပြလူငယ်များကို ထိုးကြိတ်ဖမ်းဆီးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်မှာ လူတစ်ယောက်မှ မရှိတော့တဲ့အထိ ပြည်သူတွေရဲ့ သပိတ်မှောက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ Myanmar Plaza ဟာ အရမ်းကိုကြီးမား ခမ်းနားတဲ့ ရန်ကုန်မြို့ရဲ့ ဈေးဝယ်စင်တာကြီးတွေထဲက တစ်ခုဖြစ်တာကြောင့် Boycott လုပ်သူများအနေနဲ့ ကောက်ရိုးမီးသာဖြစ်ပြီး အချိန်တန်ရင် လူအများဖြင့် ပြန်လည်စည်ကားလာမှာလို့ ယူဆထားခဲ့ကြတာပါ။

Photo - Crd

သို့ပေမယ့် ပြည်သူတွေရဲ့ စည်းလုံးမှုကို လျော့တွက်လို့လည်း မရနိုင်ပါဘူး။ မြန်မာ ပလာဇာကြီးဟာ သပိတ်မှောက်ခဲ့သည့်ရက်မှ စတင်ကာ ၂၅ ရက်နေ့မြောက်ဖြစ်သွားသည့် ဒီနေ့အထိ လူအများရှင်းလင်းပြီး ခြောက်ကပ်လျက်ရှိနေတုန်းပါပဲ။ 

Photo - Crd
Photo - Crd

ပုံမှန်ခရစ်စမတ်ကာလတွေမှာဆိုရင် စည်ကားနေကြ ဈေးဝယ်သူတွေဟာလည်း ဒီနှစ်မှာ ရှိမနေကြတော့ပါဘူး။ လူအများခြောက်ကပ်နေသည့် မြန်မာပလာဇာဓာတ်ပုံတွေကို ကြည့်ရင် ပြည်သူတွေ သွေးမအေးကြသေးဘူးဆိုတာ အတိုင်းသားတွေ့နေရပါတယ်။

Photo - Crd
Photo - Crd

နောက်ထပ်လည်း ဘယ်အချိန်ထိ အခုလို လူတွေဆက်ပြီး ရှင်းလင်းနေဦးမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်သလို ဈေးဝယ်သူမရှိသည့် မြန်မာပလာဇာကြီး ဘယ်အချိန်ထိ တောင့်ခံသွားနိုင်ဦးမလဲဆိုတာလည်း ဆက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။