မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း  ကင်ဂျုံအီကွယ်လွန်ခြင်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြည်သူများကို ၁၁ ရက်ကြာ အော်ဟစ်ရယ်မောခြင်းကို တားမြစ်ထားပါတယ်။ တားမြစ်ချက်တွေထဲမှာ ရယ်မောခြင်းသာမက အပျော်အပါးများပြုလုပ်ခြင်း ၊ ဈေးဝယ်ထွက်ခြင်းနှင့် ပါတီပွဲ မွေးနေ့ပွဲ အသောက်အစားများဖြင့် ပျော်ပွဲရွှင်ပွဲများကိုပါ တားမြစ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင်  အော်ဟစ်ငိုကြွေးခြင်းကိုပါ တားမြစ်ထားတယ်လို့ သိရပါတယ်။ ဝမ်းနည်းခြင်းကာလအတွင်း မိသားစုဝင်တစ်ဦးဦး သေဆုံးသွားပါက ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးခြင်း မပြုလုပ်ရသည့်အပြင် အလောင်းကိုပါ ဝမ်းနည်းခြင်းကာလ ပြီးဆုံးမှ သယ်ယူခွင့်ရရှိမည်လို့ သိရပါတယ်။

Google

မြောက်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ ပျော်ပွဲရွှင်ပွဲနှင့်ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ ဘာမှ လုပ်ခွင့်ရမည်မဟုတ်ဘဲ ပူဆွေးဝမ်းနည်းနေသည့် ပုံစံမပေါက်သည့်သူများ တွေ့ရှိပါကလည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ၁၁ ရက်ကြာ တားမြစ်ထားသည့် စည်းမျဉ်းများကို ဖောက်ဖျက်သည့် မည်သူ့ကို မဆို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်ခံရမည်ဆိုပြီးလည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Google

မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီဟာ ၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ ကင်ဂျုံအီဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကင်ဂျုံအီရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားမှာ သားဖြစ်သူ ကင်ဂျုံအန်း ကိုယ်တိုင် တတ်ရောက်ခဲ့ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။