လေးကေကော်တိုက်ပွဲဂယက်ကြောင့် မဲ့ထော်သလေး အဝင်နေရာမှစ၍ စစ်ယာဉ်တန်းမှအပ ပြည်သူများ ဖြတ်သန်းသွားလာခွင့်မရအောင် စစ်ကောင်စီတပ်များက တားဆီးစစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြဝတီ - ဝေါလေသွားကားလမ်း ပေါ်ရှိ မဲ့ထော်သလေးရွာအဝင်အနီးနေရာမှာ စစ်ကောင်စီအဖွဲ့မှ တားဆီးစစ်ဆေးမှုများ ဆောင်ရွက်နေခြင်းကြောင့် စစ်ရေး ပဋိပက္ခကြားရောက်နေသည့် မြဝတီတောင်ဘက်ခြမ်း ကျေးရွာများဖြစ်သည့် မဲ့ထော်သလေး ၊ မင်းလက်ပံ ၊ ဖလူးကြီး ၊ ဖလူးလေး ပဟိကလော် ၊ လေးကေကော် ၊ ရသေ့ဂူ အစရှိတဲ့ ကျေးရွာနေပြည်သူများ စုစုပေါင်း ၄၀၀၀ ခန့်မှာ နီးစပ်ရာ တောတွင်းနေရာများနှင့် နယ်ခြားသောင်ရင်းမြစ် တဖက်ကမ်းထိုင်းဘက်ခြမ်းသို့ ကူးကာ စစ်ရှောင်နေရသည်ဟု သိရပါတယ်။

KIC
KIC

တိုက်ပွဲဖြစ်ပွားနေသော ကရင်ပြည်နယ် ၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်တွင်လည်း စစ်ဘေးရှောင်ပြည်သူများ ၂၀၀၀ ဝန်းကျင်ရှိသွားပြီလို့ သိရပါတယ်။ မြို့အသစ်အတွင်း ပိတ်မိနေသောပြည်သူမှာလည်း ၅၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ပိတ်မိနေသူများကိုလည်း KNLA တပ်တွေက ကူညီကယ်ဆယ်ပေးဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။

MPA

စစ်ဘေးရှောင်ပြည်သူများ ယာယီနေထိုင်နေရသည့် စစ်ဘေးရှောင်စခန်းများတွင် အစားသောက် ၊ ရေသန့် ၊ အနွေးထည် ၊ စောင်နှင့် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးနေသူများ၏ အဆိုအရသိရှိရပါသည်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။