မြန်မာနိုင်ငံရှိလက်နက်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများကို ထိုင်းအစိုးရက ခိုလှုံခွင့်ပေးထားသည့် မယ်လ ဒုက္ခသည်စခန်းတွင် အဆင်မပြေမှုများစွာဖြစ်ပေါ်လျက်ရှိသည်ဟုသိရပါတယ်။ စခန်းနေပြည်သူများဟာ ထိုင်းအာဏာပိုင်အုပ်ချုပ်ရေးမှူးရဲ့ လုပ်ရပ်အား မကျေနပ်၍ ဆန္ဒပြခဲ့ကြရာမှ အခြေအနေတွေ ပိုမိုတင်းမာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo - Crd

စခန်းတွင်းနေထိုင်သော ဒုက္ခသည်များမှာ အစိုးရမှမဟုတ်သည့် အဖွဲ့အစည်းမှ တစ်လလျှင် ထောက်ပံ့ကြေးငွေ ထိုင်းဘတ်ငွေ ၂၇၀ သာရရှိကြပါတယ်။ စခန်းတွင်းရောင်းချသော ကုန်ပစ္စည်းများကို ဈေးအဆမတန်တင်မှုကြောင့် ဒုက္ခသည်များအနေဖြင့် ရရှိသော ထောက်ပံ့ကြေးငွေနှင့် အသုံးစရိတ်မလောက်ငှသောကြောင့် စခန်းပြင်ပသို့ထွက်ကာ ကိုယ်တိုင်အလုပ်ရှာလုပ်ကြရပါတယ်။ ထိုင်းအုပ်ချုပ်သူများမှ ထိုသို့ စခန်းပြင်ပသို့ထွက်ခွင့်မပြုထားဘဲ စခန်းအပြင်သို့ထွက်မည်ဆိုပါက ဂိတ်ကြေး ထပ်မံပေးရသေးသည်ဟု နေထိုင်သူများထံမှ သိရပါတယ်။ ကိုဗစ်ကာလ ကန့်သတ်ချက်များ ၊ အဆမတန်များပြားလာသော ငွေကြေးကောက်ခံမှုများ ၊ စခန်းတွင်း ကုန်ဈေးနှုန်းများ ကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်သူများအနေဖြင့် ပိုမို ကျပ်တည်းလာကြပြီး အခုလို ဆန္ဒပြမှုများ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Photo - Crd

ဒီဇင်ဘာလ ၁၄ ရက်နေ့ညက ရုတ်ရင်းဆန်ခတ်မှုများပိုမိုပြင်းထန်လာကာ စခန်းတွင်း အုပ်ချုပ်ရေးမှူး ရုံးခန်းအဆောက်အဦများ ကားများနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့ကြပြီး စခန်းတွင်း ဂိတ်ပေါက် ၂၀ကိုလည်း မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

Photo - Crd
Photo - Crd

အခုအချိန်မှာတော့ စခန်းတွင်းနေထိုင်သူများအားလုံးကို လုံးဝအပြင်မထွက်ရတော့တဲ့အထိ တားမြစ်ထားလိုက်ပြီလို့သိရပါတယ်။ ဖြစ်စဉ်ကိုကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမသိရှိသောကြောင့် စခန်းတွင်းရှိသက်ဆိုင်ရာ စခန်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ ရပ်ကွက် အုပ်ချုပ်သူများမှ အစည်းအဝေးပြုလုပ်က ဆွေးနွေးတိုင်ပင်လျက်ရှိသည်ဟုသိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။