မြောက်ဒဂုံစုပေါင်းရုံးလမ်းမှာ ပထမဦးဆုံး စတင်ဖွင့်လှစ်ပေးခဲ့တဲ့ ၅၀၀ ကျပ်တန်ထမင်းဆိုင်လေးမှာ ဆိုရင် ရောင်းနေကျ ရိုးရိုးထမင်းအပြင်  ထမင်းနယ်ကိုပါ စီစဉ်ပေးထားတယ်လို့သိရပါတယ်။ ထမင်းနယ်ဆိုပေမယ့် လက်ဖြင့် နယ်ထားတာမျိုး မဟုတ်ဘဲ ထောပတ်ထမင်း ၊ ကြက်ဆီထမင်းတို့ ပုံစံမျိုး မချက်ခင်ကတည်းက နယ်ဖက်ပြီး ပေါင်းထားတာဖြစ်တယ်လို့ သိရပါတယ်။ အနံ့အရသာနှင့်ပြည့်စုံလွန်းလှတဲ့ ထမင်းနယ်လေးတွေကတော့ လုံးဝကို စားချင်စရာလေးတွေပါ။

NTR ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင် 

ထပ်မံတိုးလာတဲ့ ရွေးချယ်စရာ ထမင်းနယ် လေးတွေက ပုန်းရည်ကြီးထမင်းနယ် ၊ ကြက်သွန်နီဆီသတ်ထမင်းနယ် ၊ ပဲထမင်းနယ်နှင့် ချဉ်ပေါင်ထမင်းနယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ မြင်ရုံနဲ့တင်သွားရည်ကျချင်စရာ ထမင်းနယ်လေးတွေကိုလည်း ဈေးနှုန်း ၅၀၀ ကျပ်ဖြင့်သာရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

NTR ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင် 

နေသူရိန် ၅၀၀ ကျပ်တန် အဝစားထမင်းဆိုင်လေးဟာ အမှတ် ၂၅၃ ၊ စုပေါင်းရုံလမ်း ၊ ၃၇ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မှာတည်ရှိပါတယ်။ အခုဆိုရင် စုပေါင်းရုံဝန်းကြီးအတွင်းမှာ ထမင်း နှင့်ဟင်း အပြင် အခြား မုန့်ပဲသွားရေစားလေးတွေကိုပါ ၅၀၀ ကျပ်ထက် မပိုတဲ့နှုန်းထားဖြင့် ရောင်းချပေးနေပြီလို့ သိရပါတယ်။

NTR ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။