ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ၊ နေ့လည်ပိုင်းအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ် ၊ အမှတ် (၂) ရက်ကွက် ၊ မုဒိတာအိမ်ရာ ၊ 6 လွှာမှ အမျိုးသမီးငယ်တစ်ဦး ပြုတ်ချခဲ့တယ်လို့သိရပါတယ်။

ERSSDO
ERSSDO

အမျိုးသမီးငယ်မှာ တိုက်ပေါ်တွင် ဆော့ကစားရင်းအောက်သို့ ပြုတ်ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြုတ်ကျကျခြင်းမှာ သတိမေ့မြောနေခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိသူများက ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေအသင်း (ERSSDO) ကို ဖုန်းဆက်အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။ မြင့်မားလွန်းသည့် အရှိန်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့သော်လည်း သေဆုံးသွားခဲ့တယ်လို့ ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေအသင်း (ERSSDO) ရဲ့ အဆိုအရ သိရပါတယ်။

ERSSDO
ERSSDO

အမျိုးသမီးငယ်လေး ပြုတ်ကျသွားချိန်မှာ ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေအသင်း (ERSSDO) မှ ကယ်ဆယ်ရန် ရောက်ရှိလာခဲ့ပေမယ့် အသက် အသက်မမီ လိုက်ပါဘူး ။ အော်ဖြစ်ရလေ ကလေးရယ် .. ဒီလောက်မြင့်တဲ့ ၆ လွှာကြီးကနေတောင် ပြုတ်ကျရတယ်လို့ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။