ကိုပူတူးတို့အဖွဲ့ဟာ လိုအပ်နေတဲ့ပြည်သူတွေကို အမြဲလိုက်လံလှူဒါန်းပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ကိုပူတူးဟာ လမ်းဘေးမှာ လိမ္မော်သီးနှင့်သင်္ဘောသီးလေးတွေရောင်းနေတဲ့အဖွားဆီကနေ ရှိသမျှလိမ္မော်သီးတွေ သင်္ဘောသီးတွေအားလုံးကို ဝယ်ယူပြီး လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ဈေးသည်တစ်ယောက်အတွက်ကိုယ့်ဆီက ပစ္စည်းလေးတွေအားလုံး ရောင်းထွက်သွားတဲ့အချိန်ဟာ အပျော်ဆုံးအချိန်ပဲဖြစ်ပါတယ်။ အခုအဖွားလည်း ဒီအတိုင်းပါပဲ။အဖွားဆီက ပစ္စည်းလေးတွေအားလုံး ရောင်းထွက်သွားခဲ့တာဆိုတော့ဘယ်လောက်တောင်ပျော်လိုက်မလဲနော်။

Arr Puu Tuu's facebook

အဖွားရဲ့လိမ္မော်သီးတွေဟာ လက်ဆက်သလို ဈေးလည်းတော်တော်ချိုပါတယ်။၁၀လုံးတစ်ထုပ်ကိုမှ၁၅၀၀ကျပ်ပါ။သင်္ဘောသီးကလည်း တစ်လုံးကို၁၀၀၀ကျပ်တည်းပါ။ကိုပူတူးကအကုန်ယူပြီး ဈေးတွက်လိုက်တဲ့အချိန်မှာတော့ လိမ္မော်သီး၁၁ထုပ်နှင့်သင်္ဘောသီး၉လုံးစုစုပေါင်း၂၅၅၀၀ကျပ်သာကျပါတယ်။အဖွားက၂၀၀၀၀ကျပ်ပဲပေးပါလို့ ပြောပေမယ့်ကိုပူတူးက၅၀၀၀၀ကျပ်ပေးပြီး လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။၁သောင်းတန်၅ရွက်ကိုထပ်ပြီး ၅၀၀၀၀ပေးတော့ အဖွားက၃ရွက်ပိုနေတယ်ဆိုပြီး ရိုးသားစွာပြန်ပေးခဲ့သေးတယ်လို့သိရပါတယ်။ 

Arr Puu Tuu's facebook

အဖွားရဲ့အသက်က ၇၉နှစ်ရှိပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူဆုံးသွားခဲ့တာကြောင့်သားဖြစ်သူနဲ့ကပ်နေနေတာလို့ သိရပါတယ်။ချွေးမနှင့်မြေးလေးတွေက အမြင်မကြည်တာကြောင့်အဖွားက အခုလိုဈေးထွက်ရောင်းနေရတာဖြစ်တယ်လို့သိရပါတယ်။

Arr Puu Tuu's facebook

ရိုးသားတဲ့အဖွားအသက်ကြီးပေမယ့်သမ္မာအာဇီဝကျကျရှာပြီးကြိုးစားနေတဲ့အဖွား ဒီထက်ပိုပြီး အဆင်ပြေနိုင်စေဖို့ဆုတောင်းပေးပါတယ်။ အဖွားကို လှူဒါန်းပေးခဲ့တဲ့ ကိုပူတူးတို့အဖွဲ့လည်း ဒီထက်ပိုပြီး အများကြီးလှူဒါန်းနိုင်ပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။