မြန်မာပြည်ရဲ့ အသက်အရှည်ဆုံးအဖြစ် ၃ နှစ်ဆက်တိုက် ရွေးချယ်ခံထားရတဲ့ ဘွားသက်ရှည် ခေါ် အဘွား ဒေါ်ထွေးဟာ ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။အဘွားမှာ နှလုံးရောဂါအခံလည်းရှိတာကြောင့် မောပန်းကာ အသက်ရှူကြပ်ပြီး လူကြီးရောဂါဖြင့် ဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဘွား ကွယ်လွန်သွားချိန်မှာ ကြမ်းကြမ်းတမ်းတမ်းကြီးမဟုတ်ဘဲ ညင်သာစွာဖြင့် ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာလို့ လည်းသိရပါတယ်။
မှတ်ပုံတင်မှာပါရှိတဲ့ မွေးသက္ကရာဇ်အရ အဖွားကို ၁၂၅၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်တာကြောင့် ကွယ်လွန်သွားချိန်မှာ အဘွားရဲ့အသက်က ၁၂၈ နှစ်ရှိပြီဖြစ်ပါတယ်။ အဘွားရဲ့ အသုဘ နာရေးကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
အဘွားဒေါ်ထွေးဟာ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာမှာ နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဘွားဟာ ကျန်းမာရေး အရမ်းဂရုစိုက်တဲ့သူဖြစ်တာကြောင့် အခုလို အသက်ရာကျော်ရှည်တဲ့အထိ နေထိုင်သွားခဲ့ရတာပဲဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အသက်အရှည်ဆုံး အဖြစ် စံချိန်တင်ထားတဲ့ အဘွား ကွယ်လွန်သွားခဲ့ရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ကောင်းရာသုဂတိသို့ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အဘွားရေ။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။