ပရဟိတမင်းသမီးခိုင်နှင်းဝေရဲ့ ဂေဟာအသစ်မှာ ဘုရင်မကြီးရှင်စောပု ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်များကို ကိုးကွယ်ပင့်ဆောင် ပူဇော်ခွင့် ရရှိထားတာဖြစ်ပါတယ်။ အခုအကြိမ်နဲ့ဆို ဗုဒ္ဓရုပ်ပွားတော်တွေကို ပင်ဆောင်ပူဇော်ခွင့်ရရှိတာ မင်းသမီး ခိုင်နှင်းဝေအတွက် ဒုတိယအကြိမ်ရှိပြီပဲဖြစ်ပါတယ်။ ကြည်ညိုဖွယ်ရာကောင်းတဲ့ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း မည်သူမဆို လာရောက်ဖူးမြော်နိုင်စေရန်အတွက် ခိုင်နှင်းဝေက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖိတ်ခေါ်ထားပါတယ်။ ဒီကနေ့ မနက်စောစော အချိန်မှာတော့ ဗုဒ္ဓဆင်းတုတော်များကို ဘုရားဖူးဖို့လာတဲ့ အဘွားတွေရဲ့ သဒ္ဓါစိတ်လေးနဲ့ ပတ်သတ်ပြီး ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး ရေးတင်ထားပါတယ်။

Khine Hnin Wai's Facebook

၅၀၀ တန်လေး ကိုင်ပြီး ဘုရားဖူးဘို့ တက်လာတဲ့ အဘွားတွေရဲ့ သဒ္ဓါစိတ်လေးကို ပီတိဖြစ်မိပါတယ်ရှင်..ထမင်းစားဘို့ ချန်ထားတဲ့ ငွေ (၅၀၀) ကို အငတ်ခံပြီး ဘုရားကို လှုလိုက်တဲ့ အတွက် မြန်မာလူမျိုးတွေရဲ့ သဒ္ဓါစိတ်လေးကို ဂုဏ်ယူမိပါတယ်..ဗုဒ္ဓရုပ်ပွားတော်များကို အများ ဖူးမြော်နိုင်ရန် ပင့်ဆောင် ကုသိုလ် ယူနိုင်တဲ့ အတွက်လဲ ဝမ်းသာကြည်နူးမိပါတယ်..ဘုရားဖူးရတဲ့ အတွက် သေပျော်ပါပြီဆိုတဲ့ အဘွားတွေကို အလှုငွေ (၅၀၀၀) ဆီ ပြန်လှုရင်း ပီတိလေးတွေကို ဝေမျှဖြစ်ပါတယ်ရှင်..???

Khine Hnin Wai's Facebook

အဘွားနှစ်ယောက်ဟာ ထမင်းစားရန်အတွက် ငွေကျပ် ၅၀၀ ကို ကိုင်ဆောင်ပြီး ဘုရားဖူးဖို့ ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘုရားတွေကို ဖူးမြော်ပြီးတဲ့နောက်မှာ ကြည်ညိုစိတ်ဖြင့် ထမင်းစားဖို့ဖယ်ထားတဲ့ ငွေကျပ် ၅၀၀ လေးကိုပါ အငတ်ခံပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ခိုင်နှင်းဝေက အဘွားတွေရဲ့ သဒ္ဓါစိတ်ကို ပီတိဖြစ်တဲ့အနေနဲ့ တစ်ယောက်ကို ငွေကျပ် ၅၀၀၀ စီ ပြန်လည် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Khine Hnin Wai's Facebook

ထမင်းစားဖို့ ဖယ်ထားတဲ့ ငွေကျပ် ၅၀၀ ကို မစားဖြစ်တော့ပဲ ဘုရားကို လှူဒါန်းလိုက်တဲ့ အဘွားတွေရဲ့ သဒ္ဓါတရား ထက်သန်မှုလေးကလည်း တော်တော်လေးကို ဝမ်းသာပီတိဖြစ်ဖို့ကောင်းလှပါတယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။