သျှီသာဆိုတဲ့ကောင်မလေးဟာ ဆယ်တန်းမှာ ဂုဏ်ထူး ၄ ဘာသာနဲ့ထူးချွန်စွာအောင်မြင်ခဲ့ပြီး တက္ကသိုလ်ကောင်းကောင်းကို တတ်ခွင့်ရခဲ့ပေမယ့် ခေတ်စနစ်ဆိုးကြီးအောက်မှာ တက္ကသိုလ်ဆက်ပြီး မတတ်ချင်တာကြောင့် လမ်းဘေးမှာ ဈေးရောင်းနေတာဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း လမ်းဘေးမှာ ဈေးရောင်းရတာဟာ ရှက်စရာမဟုတ်တာကြောင့် အခုလို ရဲရဲဝံ့ဝံ့လေး ရောင်းချနေတာဖြစ်ကြောင်းသိရပါတယ်။

Credit to Original Uploader

သျှီသာဟာ စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူလေးဖြစ်ပြီး လှည်းတန်း အင်းစိန်လမ်းမပေါ်မှာ ဘေထုတ် အထည်လေးတွေ ရောင်းချနေတာပဲဖြစ်ပါတယ်။ သျှီသာလက်ရှိရောင်းနေတဲ့အတည်လေးတွေက အများကြီး မရောင်းရသေးပေမယ့် တစ်ရက်ကို ၇ ထည်နှုန်းတော့ ပုံမှန်လေး ရောင်းရတယ်လို့ သိရပါတယ်။ မတ်လောက်စရာမဟုတ်ပေမယ့် ထပ်ပြီးကြိုးစားသွားဦးမယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ ရေးတင်ထားပါတယ်။ ဒီတိုင်းနေရင်ကို တတ်လမ်းတွေ အများကြီးရှိတဲ့ လူငယ်လေးတစ်ယောက်က ကြိုးစားထားတာတွေကို စွန့်လွှတ်ပြီး အခုလို ခက်ခက်ခဲခဲ အစကနေပြန် ကြိုးစားနေတာဟာ တကယ်ကို ချီးကျူးဖို့ကောင်းလှပါတယ်။ သျှီသာလိုပဲ ခံယူချက်ခိုင်မာပြီး လေးစားဖို့ကောင်းတဲ့ သူလေးတွေလည်း အများကြီးရှိပါတယ်။ 

Credit to Original Uploader

သျှီသာရဲ့ ဆိုင်လေးက လှည်းတန်း ၊ အင်းစိန်လမ်းမ ၊ ခိုင်ရွှေဝါလမ်းထိပ် ၊ ကွမ်းယာဆိုင်ဘေးလို့ သိရပါတယ်။ အများကြီး စွန့်လွှတ်ထားတဲ့သူဖြစ်တာကြောင့် သူမ ဆိုင်လေး ရောင်းကောင်းလာအောင် ဝိုင်းဝန်း အားပေးကြရအောင်နော် .. သျှီသာရဲ့ ဆိုင်လေးရှေ့ကို ရောက်ခဲ့ရင် အထည်လေးတွေ အားပေးလို့ရအောင် ဝေမျှပေးလိုက်ပါတယ် ။

Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။