မိသားစုများဟာ တခါတရံ လက်တစ်ဆုပ်စာ ဖြစ်နိုင်ပြီး သူတို့ရဲ့ နောက်ပြောင်မှုများမှာ အနည်းငယ် လွန်မိနိုင်ပါတယ်။ ခုလည်း သတို့သမီးကို စမ်းသပ်ဖို့အတွက် သတို့သားရဲ့ မိသားစုတွေထဲကအမ‌ျိုးသမီးများအားလုံးဟာ အဖြူရောင်၀တ်စုံကို ၀တ်ဆင်ပြီး မင်္ဂလာဆောင်ပွဲကို တက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Twitter က ပို့စ်တစ်ခုတွင် AITA ('Am I the A-hole' ရဲ့အတိုကောက်) ဆိုပြီး အမျိုးသားတစ်ဦးဟာ သူ့ရဲ့အဒေါ်များ၊ အမျိုးသမီးဝမ်းကွဲများ၊ အမေ၊ မိထွေး၊ မိ‌ေထွးရဲ့သမီး သူ့ညီမနှင့် အဖွားတို့ဟာ "ယူနစ်တစ်ခု" ကို ထူထောင်ခဲ့ကြပုံအကြောင်း မျှဝေခဲ့ပြီး " Toxic " ဖြစ်ကြောင်း ဒီလိုလုပ်ရတာဟာ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်တဲ့ အမ‌‌ျိုးသမီးများကို " စမ်းသပ် " တာဖြစ်ကြောင်း တင်ထားပါတယ်။

“သူတို့က မိသားစုရဲ့ အစိတ်အပိုင်းဖြစ်ထိုက်သလားဆိုတာကို သိနိုင်ဖို့ 'စမ်းသပ်မှုများ' ကို သတ်မှတ်ခြင်းအားဖြင့် အိမ်ထောင်ရေးနဲ့ မိသားစုထဲကို ဝင်လာတဲ့ အမျိုးသမီးအသစ်တိုင်းကို ကျီစားပြီး ကင်စားကြပါတယ်။" ဒီ "စမ်းသပ်မှု" အချို့ဟာ ယုံကြည်မှုကို ချိုးဖျက်ပြီး မိမိကိုယ်ကို လေးစားမှုကိုလည်း ထိခိုက်စေနိုင်တဲ့ အတိုင်းအတာအထိ ရောက်ရှိသွားမည်ဖြစ်ကြောင်း သူက‌ေရးခဲ့ပါသေးတယ်။ “နောက်တော့ လအနည်းငယ်ကြာအောင် လှည့်စားပြီးရင် နောက်ဆုံးမှာ သူတို့ကို မိသားစုထဲကို ကြိုဆိုလိုက်ကြောင်း သူတို့ကြေညာခဲ့ပါတယ်” လို့ သူက ပို့စ်တင်ပြီး နောက်အမျိုးသမီးတစ်ယောက် မိသားစုထဲ၀င်လာမယ်ဆိုရင်လည်း ထပ်ဖြစ်အုန်းမှာဖြစ်ကြောင်း ထည့်သွင်းခဲ့ပါသေးတယ်။

“နောက်ဆုံးစမ်းသပ်မှု” အဖြစ် လက်ထပ်ပွဲကို အဖြူရောင်ဝတ်ရန် ရည်ရွယ်ထားကြောင်း အစ်ကိုဖြစ်သူက သူ့ရ‌ဲ့အမျိုးသမီးမိသားစုဝင်များအား သတိပေးခဲ့ကြောင်း ဒီအမ‌ျိုးသားက ပို့စ်တင်ခဲ့ပါတယ်။ ထိပ်တိုက်ရင်ဆိုင်လိုက်တဲ့အခါမှာ မိသားစုက သူတို့ဘယ်တော့မှ ဒီလိုမျိုးကို မလုပ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် နေ့ထူးနေ့မြတ်ကြီးရောက်လာတဲ့အခါ သူတို့အားလုံး အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားခဲ့ကြပါတယ်။ သူလည်း ထွက်သွားရန် တောင်းဆိုခဲ့ရာ သူ့ရဲ့ အဒေါ်များနှင့် မိခင်များက ထွက်သွားရန် ငြင်းဆိုခဲ့ကြပါတယ်။ ငြင်းဆိုတဲ့အပြင် သူ့ကိုတောင်ခြိမ်းခြောက်နေခဲ့ပါသေးတယ်။ နောက်ဆုံးတော့ အားလုံး ထွက်သွားကြပါတယ်။

" ကျွန်‌ေတာ့်ရဲ့ဝမ်းကွဲက နောက်ပိုင်းမှာ ကျွန်တော်ကို ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခဲ့ပါတယ်။ " သူ့အမေဟာ သူ့ကို “နောက်ပြောင်မှုတစ်ခုလို့ပဲ ယူဆရမယ်” ​​နဲ့ သူမဟာ “သတို့သမီးလေး” ဖြစ်မဖြစ် သိလိုကြောင်း သူ့အမေနဲ့လည်း အငြင်းအခုံဖြစ်ခဲ့ကြောင်း ပို့စ်တင်ခဲ့ပါတယ်။ သူ့အမေကလည်း သူနဲ့ သူ့မိန်းမကို တောင်းပန်ခိုင်းပါ‌ေသးတယ်။ " သူတို့တွေကို မတွေ့ရတာ နှစ်ပတ်လောက်ရှိပြီ၊ သူတို့က ငါ့ကို အရာအားလုံးကနေ ဖယ်ထုတ်လိုက်တာ။" ဆိုပြီး နောက်ဆုံးတင်ခဲ့ပါတယ်။

သတင်းအရင်းမြစ်: IOL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။