၅၀၀ ကျပ်တန် ထမင်းဆိုင်လေးတွေမှာဆိုရင် ထမင်း ၊ အသားဟင်းတစ်မျိုး ၊ အရံဟင်း ၊ တို့စရာအစုံ နှင့် ဟင်းချိုတို့ကို ၅၀၀ ကျပ်တည်းနဲ့ ဝဝလင်လင်စားလို့ရပါတယ်။ မရှိဆင်းရဲသား လိုအပ်သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်ပေးထားတဲ့ ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်လေးတွေဟာ အခုဆိုရင် နေရာအနှံ့အပြားမှာ တော်တော်လေး ဖွင့်လှစ်လာကြပါပြီ။ 

Photo - Credit to Original Uploader
Photo - Credit to Original Uploader
Photo - Credit to Original Uploader

ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာလည်း လှည်းကူးမြို့မှာ ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်လေးတစ်ဆိုင် စတင် ဖွင့်လှစ်လိုက်ပြန်ပါပြီ။ လှည်းကူးမြို့က ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်လေးရဲ့ တည်နေရာက လှည်းကူးမြို့ဈေးကြီးရပ်ကွက် ၊ ကန်းနားလမ်းမှာရှိတဲ့ Hot Pot G ဆိုင်ရှေ့မှာဖြစ်တယ်လို့ သိရပါတယ်။

Photo - Credit to Original Uploader

၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်လေးရဲ့ ဆိုင်ဖွင့်ချိန်က မနက် ၁၀ နာရီဖြစ်ပြီး အခုချိန်အထိတော့ ထိုင်စားပဲရသေးတယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့ အလှူရှင်ရှိတာကြောင့် "မင်းအတွက်ကြိုရှင်းခဲ့တယ် " အစီအစဉ်လေးနဲ့ အခမဲ့စားခွင့်လေး ရှိတယ်လို့ သိရပါတယ်။

Photo - Credit to Original Uploader

ပထမဦးဆုံး ၅၀၀ ကျပ်တန် အဝစား ဆိုင်လေးကို မြောက်ဒဂုံ စုပေါင်းရုံလမ်းထဲမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထိုမှတဆင့် ၅၀၀ ကျပ်တန် အဝစားထမင်းဆိုင်လေးတွေ အသီးသီး ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ အခုလို ခေတ်ကာလကြီးအဆင်မပြေဖြစ်ပြီး အလုပ်အကိုင်တွေ ငွေကြေးတွေ ရှားပါးနေတဲ့ကာလ မှာ ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်လေးတွေ များစွာ ပေါ်ပေါက်လာတဲ့အတွက် အခြေခံလူတန်းစားတွေအတွက်တော့ လုံးဝကို ဝမ်းသာစရာကောင်းလွန်းလှတဲ့ သတင်းကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။