ကရင်ပြည်နယ်ရောက်ဖူးတဲ့သူတိုင်း လွမ်းမောဖွယ်ကောင်းတဲ့ ရှုခင်းတွေနဲ့ အရမ်းလှပလွန်းလှတဲ့ ဇွဲကပင်တောင်တန်းကြီးကို မသိတဲ့သူမရှိပါဘူး။ ဇွဲကပင်တောင်တန်းကြီးဟာ ကရင်ပြည်နယ်ရဲ့ အမှတ်အသားတစ်ခုဆိုရင်လည်း မမှားပါဘူး။ လှပလွမ်းမောဖွယ်ကောင်းလှတဲ့ ဇွဲကပင်တောင်တန်းကြီးပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့ ဘုရားစေတီပုထိုးတွေလည်း အများကြီးရှိပါတယ်။

Google

ယမန်နေ့က ကရင်ပြည်နယ်ဇွဲကပင်တောင်တန်းမှာ တည်ထားကိုးကွယ်ထားတဲ့ စေတီတစ်ဆူ ဌာပနာဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ဌာပနာ ဖောက်ထွင်းခံရတဲ့ စေတီအမည်မှာ ရွှေယဉ်မျှော်စေတီဖြစ်ပြီး အတွင်းထဲရှိဌာပနာတွေတော့ မပါသွားကြောင်း ဌာပနာကိုယ်တိုင်ထည့်ထားတဲ့ ရွှေအင်ဒုံဦးဇင်းက အတည်ပြုပြောထားပါတယ်။ လက်ရှိမှာတော့ ဌာပနာဖောက်ခံထားရတဲ့ စေတီကို ပြန်လည်ပြင်ဆင်ပြီးသွားပြီဖြစ်ကြောင်း ဇွဲကပင်တောင်တာဝန်ရှိသူများရဲ့ ပြောကြားချက်အရသိရပါတယ်။

Photo - Credit to Saw Kyi Win
Photo - Credit to Saw Kyi Win

ဌာပနာဖောက်ထွင်းခဲ့တဲ့သူတွေက ဘယ်လိုစိတ်မျိုးနဲ့ ဘုရားပစ္စည်းကို မတ်မောရဲလည်း မသိဘူးနော်။ ဌာပနာပစ္စည်းများ မပါဝင်သွားလို့ ဝမ်းသာရပေမယ့် ပျက်စီးသွားခဲ့တဲ့စေတီအတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်။

Photo - Credit to Saw Kyi Win

အခုအချိန်မှာတော့ အလှူရှင်များရဲ့ ကုသိုလ်နှင့် ဌာပနာအဖောက်ခံရတဲ့ ဘုရားကိုပြန်လည် ပြင်ဆင်ပြီးသွားပြီပဲဖြစ်ပါတယ်။

Photo - Credit to Saw Kyi Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။