ချင်းပြည်နယ်၊ဟားခါးမြို့နယ်တွင်နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ ခရစ်စမတ်ပွဲတော်ရာသီကာလတွင်ပွဲတော်များမလုပ်ဆောင်တော့ဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်အဖွဲ့မှ နိုဝင်ဘာလ၂၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Google

ထုတ်ပြန်ချက်ထဲတွင်ခရစ္စမတ်ရာသီလည်း ရောက်တော့မယ်။ပွဲတော်ကျင်းပခြင်းနှင့်အလှဆင်ခြင်းကိစ္စတွေမှာ အရင်နှစ်တွေကလို စည်စည်ကားကားကျင်းပရန်မသင့်ကြောင်း၊ကျနော်တို့ရဲ့သွေးချင်းညီအစ်ကိုဖြစ်တဲ့ ထန်တလန်မြို့က ပြည်သူအားလုံးမြို့ကိုစွန့်ခွာပြီး အိမ်တွေ မီးလောင်ပျက်စီးတဲ့ကြားမှာ ခရစ္စမတ်ပွဲကိုပျော်ပျော်ရွှင်ရွှင်ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ပါလို့ ဖော်ပြထားပါတယ်။

Google

အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်း ခရစ်ယာန်မိတ်သဟာယအဖွဲ့ကလည်း နိုဝင်ဘာလ၂၂ရက်နေ့က ဒီနှစ်ခရစ္စမတ်ပွဲတော်ကျင်းပမယ့်ကုန်ကျစရိတ်တွေကို ဒုက္ခခံနေရတဲ့အငယ်ဆုံးသောသူတွေအတွက်စိတ်အားထက်သန်စွာ ပါဝင်ပေးလှူကြဖို့အလေးအနက်ထားမေတ္တာရပ်ခံကြောင်းထုတ်ပြန်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။