ချင်းပြည်နယ်၊ထန်တလန်မြို့လေးမှာ ယမန်နေ့နိုဝင်ဘာလ၂၄ရက်နေ့၊ ညနေ၂နာရီခန့်မှစပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံမီဒီယာတွေရဲ့ အဆိုအရ သိရှိရပါတယ်။ 

CNJ
CNJ

မီးလောင်နေသည့်နေရာမှာ ထန်တလန်မြို့ ဇုန်မွှန်ရပ်ကွက်နှင့်ကျောင်းလမ်းအကြားတွင်ဖြစ်တယ်လို့ သိရပါတယ်။မီးလောင်သွားသည့်နေအိမ်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

CNJ

ညနေပိုင်း၂နာရီလောက်မှာ ပထမအကြိမ်အဖြစ်နေ့အိမ်နှစ်လုံးလောင်သွားပြီး ညနေ၅နာရီခွဲမှာ အခြားအိမ်တွေလည်း ဆက်လောင်တယ်လို့ အဝေးကနေ လှမ်းမြင်နေတဲ့ပြည်သူရဲ့ပြောဆိုချက်အရသိရပါတယ်။

CNJ
CNJ

ယမန်နေ့ နိုဝင်ဘာလ ၂၄ရက်နေ့ နေ့လည် ၂ နာရီခန့်က  စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုကြီးသည်ယမန်နေ့ည၉နာရီခွဲအထိ လောင်ကျွမ်းနေဆဲဖြစ်သည်ဟု ဒေသခံများပြောကြားချက်အရ သိရပါတယ်။အခုတစ်ခေါက်မီးလောင်ကျွမ်းမှုကိုပါ ထည့်တွက်ရင်ချင်းပြည်နယ်၊ထန်တလန်မြို့လေးမှာ မီးလောင်ကျွမ်းခဲ့တာ၅ကြိမ်တိတိ ရှိသွားပြီပဲ ဖြစ်ပါတယ်။

CNJ

မီးငြိမ်းသတ်ဖို့အတွက်လည်းလူမရှိတာကြောင့်ဒေသခံပြည်သူများဟာမီးလောင်နေတာကိုဒီအတိုင်းပဲကြည့်နေကြရပါတယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။