စုံတွဲတစ်တွဲဟာ ခုလိုကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ ရောဂါကာလကြောင့် Zoom ကနေတစ်ဆင့် တွေ့ရှိခဲ့ကြပြီး ရည်းစားတွေဖြစ်ပြီး လက်ထပ်ခဲ့ကြပါတယ်။ သူတို့အနေနဲ့တခါမှတော့ အပြင်မှာမတွေ့ဖူးကြသေးပါဘူး။ Ayse အသက် ၂၆ နှစ်နဲ့ Darrin ၂၄ နှစ်တို့ဟာ ကမ္ဘာ့တစ်ဝှမ်းက စာရေးတာဝါသနာပါတဲ့ လူများဆံုးစည်းရာ Facebook Group တစ်ခုမှာ စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ Ayse ဟာ Group ထဲက အသက် ၅၆ နှစ်ရှိပြီးဖြစ်တဲ့ Kenda နဲ့ပြောနေစဉ် သူ့မှာ Darrin ဆိုတဲ့သား‌ရှိကြောင်း သူ့သားကလည်း Ayse နဲ့အသက်သိပ်မကွာကြောင်း ပြောပြခဲ့ပါတယ်။

သူ့သားကလည်း နယ်မြေခြားတစ်ယောက်နဲ့ စကားပြောချင်းနေကြောင်းပါ ပြောပြပါတယ်။ အဲ့နောက် Darrin ရဲ့ အမေ မိတ်ဆက်ပေးမှုနဲ့ နှစ်ယောက်ဟာ ၂၀၂၀ မှာစကားတွေ‌စပြောဖြစ်ခဲ့ကြပြီး သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေဖြစ်လာပြီဆိုတော့ သူတို့လည်း အရင်ကထက်ပိုမိုရင်းနှီးလာခဲ့ကြပြီး ညတိုင်းလိုလို ဖုန်းပြောလာကြတာတွေပါရှိပါတယ်။ သူတို့နှစ်ယောက်က နေရပ်မတူကြလို့ အချိန်ကွာခြားချက်က ၅ နာရီကွာပါတယ်။ ဒါကြောင့်ဖုန်းပြောတိုင်း ကောင်မလေးဖြစ်သူ Ayse က UK ရဲ့အချိန်အရ မနက် ၂ နာရီမှ အိပ်လေ့ရှိပါတယ်။

သူတို့နှစ်ယောက်ကြားမှာလည်း အတ္တလန္တိတ်သမုဒ္ဒရာ ကြီးကခြားထားပါသေးတယ်။ ၂၀၂၁ ခုနှစ်မေလမှာ Darrin က ချစ်ခွင့်ပန်ခဲ့ချိန်မှာ Ayse က Yes လို့ဖြေခဲ့ပြီး ရည်းစားတွေဖြစ်ခဲ့ကြပါတယ်။ August လမှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ခဲ့ကြပြီး တရား၀င် ဇနီးမောင်နှံတွေဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ လက်ထပ်ခဲ့ပြီး လင်မယားတွေဖြစ်နေကြတာတောင် ယနေ့ထိ အပြင်မှာ လူချင်းမတွေ့ဖူးကြသေးပါဘူး။ Zoom ကနေတစ်ဆင့်ပဲ သူတို့နှစ်ယောက်ဟာ တွေ့နေကြရတာဖြစ်တဲ့ Long Distance Relationship တစ်ခုပါပဲ။ သူတို့ရဲ့အချစ်ရေးကတော့ အားကျစရာ LDRS တစ်ခုဆိုရင်လည်းမမှားပါဘူးနော်။

သတင်းအရင်းမြစ်: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။