ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ဘူဂေရီးယားနိုင်ငံ အနောက်ပိုင်းမှာ မြောက်မက်ဆီဒိုးနီးယန်းကမ္ဘာလှည့် ခရီးသွားအများစု စီးနင်းလိုက်ပါလာတဲ့ ဘက်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ မတော်တဆမှုကြောင့် ဘက်စ်ကားပေါ်ပါ ကမ္ဘာလှည့်ခရီးသည်များ သေဆုံးမှုဖြစ်ခဲ့ပါတယ်။ သေဆုံးမှုထဲမှာ ကလေး ၁၂ ယောက် ၊ လူကြီး အနည်းဆုံး ၄၅ ယောက်ပါဝင်တယ်လို့ သိရှိရပြီး အသက် ၄ နှစ်အရွယ် အမွှာကလေးငယ်နှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

NIKOLAY DOYCHINOV/AFP
NIKOLAY DOYCHINOV/AFP
NIKOLAY DOYCHINOV/AFP

အခင်းဖြစ်ပွားချိန်မှာ ဘက်စ်ကားအတွင်းရှိ လူ ၇ ဦးသာ ကားပြင်သို့မီးလောင်ဒဏ်ရာများစွာဖြင့် ထွက်လာနိုင်ခဲ့ပါတယ်။ ဒဏ်ရာရလျက်လွတ်မြောက်လာသူ ၇ ဦးကို ဆေးရုံသို့ အမြန်ဆုံး ပို့ပေးနိုင်ခဲ့ပေမယ့် ပြန်လည်သက်သာနိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ အခြားကားတွေ ပါဝင်တာကို မတွေ့ရှိရဘဲ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ကားတစ်စီးသာ ပါဝင်နေတာကို တွေ့ရှိရပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ကားဟာ အဝေးပြေးလမ်းမအလယ်က အတားအဆီး အကာအရံ တွေကို ဝင်တိုက်ပြီးမှ မီးလောင်တာလား ။ ဝင်မတိုက်ခင်က တည်းက မီးလောင်နေတာလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

ဘူဂေးရီးယားနိုင်ငံ သတင်းဌာနတွေရဲ့အဆိုအရ အဆိုပါဘက်စ်ကားဟာ အခြား ကမ္ဘာလှည့်ခရီးသွားတွေကို တင်ဆောင်လာသည့် ဘက်စ်ကား ၄ စီးနှင့် အတူ တစ်သုတ်ထဲ မောင်းနှင်လာရင်းမှ ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်းနောက်မှာ ကျန်ခဲ့တာလို့ သိရပါတယ်။ ဆီဝင်ဖြည့်ပြီး တစ်နာရီကြာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။