အချစ်ဆိုတာ တကယ်တော့ နားလည်ရခက်တဲ့ ခံစားချက်တစ်ခုပဲဖြစ်ပါတယ်။ ဥပမာ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲခဲ့ပြီးတာတောင် စိတ်ထဲမှာ အဲ့လူပဲရှိနေတာမျိုး ကိုယ့်မှာ နောက်ချစ်သူရှိပြီး အဲ့ချစ်သူနဲ့ အိမ်ထောင်ကျတောင် အရင်က ရည်စားကို အမြဲခေါင်းထဲမှာရှိနေတက်တာမျိုးပေါ့။ ခုဆိုရင်လည်း ငယ်ချစ်သူနဲ့ Messager မှာစကားပြောရင် ပြန်လည် ချစ်သူဖြစ်ခဲ့ကြတဲ့ ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။ အသက် 18 နှစ်မှာ လမ်းခွဲခဲ့ကြတဲ့ စုံတွဲတစ်တွဲဟာ 26 နှစ်ကြာ ကွဲကွာပြီးနောက် ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့ ကြည်နူးစရာ ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။

Viki နဲ့ Cam တို့ဟာ သူတို့အသက် ၁၇ ၁၈ တုန်းကချစ်သူတွေဖြစ်ခဲ့ကြပြီးနောက် လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ အဲ့နောက် ကိုယ်စီ ကိုယ့်ဘ၀ကိုယ်လျှောက်လှမ်းကြရင်း Viki ဟာ အသက် ၂၂ နှစ်မှာ ယောက်ျားရခဲ့ပြီး သမီးလေးတစ်ယောက်လည်း ရရှိခဲ့ကြပါတယ်။ Viki ဟာသူ့ယောက်ျားနဲ့ချစ်‌ေနတုန်းက ငယ်ရည်းစား Cam ဟာအမြဲသူစိတ်ထဲမှာရှိနေကြောင်း ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ အဲ့နောက်စိတ်မကောင်းစွာပဲ သမီးလေး အသက် နှစ်နှစ်ခွဲအရွယ်မှာ သူတို့တွေကွာရှင်းခဲ့ကြပါတယ်။ အဲ့ချိန်မှာ‌ေတာ့ သူမအသက် ၂၉ နှစ်ရှိပြီဖြစ်ပါတယ်။ တစ်ညမှာ သူစိတ်ညစ်ညစ်နဲ့ အရက်ဆိုင်သွားထိုင်စဉ် ၁၀ နှစ်‌ေကျာ်အကြာ ပထမဆုံးအကြိမ် ငယ်ရည်းစား Cam နဲ့ သွားတိုက်မိခဲ့ပါတယ်။

ကံတရားကတော့ သူတို့နှစ်ယောက်ကို တွေ့ဆုံစေခဲ့ပါတယ်။ ဒါပေမယ့် Cam ဟာအိမ်ထောင်ကျနေပြီဖြစ်ကာ ကလေးတွေလည်းရှိနေခဲ့ပါပြီ။ အဲ့နောက်သူတို့စကားမပြောကြတော့ပဲ နေခဲ့ကာ ၆လကြာခဲ့ပါတယ်။ ၆လကြာပြီချိန်မှာ Cam လည်းသူ့မိန်းမနဲ့ စိတ်ချင်းမတူတော့ကာ ကွာရှင်းခဲ့ကြပါတယ်။ အချိန်တွေအနည်းငယ်ကြာလာတဲ့ချိန်မှာ Facebook Massage ကနေ Viki ဟာ သူတို့ငယ်ငယ်တုန်းကလို ပြန်ဖြစ်လို့ ရမလားဆိုပြီးစတင်ဖွင့်ပြောခဲ့ကာ သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၆နှစ်ကြာပြီမှ ပြန်လည်ပေါင်းစည်းခဲ့ကြတာဖြစ်ပါတယ်။ ခုချိန်မှာတော့နှစ်ယောက်လုံး အသက် ၃၀ ရှိပြီဖြစ်ကာ လက်ထပ်လိုက်ကြပြီး ပျော်ရွှင်စွာနေထိုင်လျက် ရှိပါတယ်။

သတင်းအရင်းမြစ်: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။