ယမန်နေ့နိုဝင်ဘာလ၂၁ရက်နေ့မနက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ကျိုက်နဲ့ရေလယ်ဘုရားဖြစ်စဉ်အဖြစ်အပျက်ကြီးဟာဆိုရင်ပြည်သူတွေကြားမှာ တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရက်ကြီး တစ်ခုကဲ့သို့ ဖြစ်လို့နေပါတယ်။ 

ကျိုက်နဲဘုရားသို့ ခြေလျင်ဖြင့်သွားကြရာလမ်းက ဒေသအခေါ်"နတ်လမ်း"လို့ခေါ်ဝေါ်ကြပေမယ့်ဘူမိဗေဒသဘောအရတော့ အန္တရာယ်များလွန်းလှတဲ့ သဲခုံစွယ်တစ်ခုပါ။ 

Credit to Original Uploader

ဘုရားဖူးများဟာ သဲခုံစွယ်ဒေသအခေါ်အဝေါ်နတ်လမ်းလို့ခေါ်တဲ့ လျှောက်လမ်းကိုဖြတ်ပြီးမှ ကျိုက်နဲဘုရားဆီသို့ရောက်မှာဖြစ်ပါတယ်။ယမန်နေ့ဖြစ်စဉ်မှာလည်း ရေမကျသေးခင်လမ်းမပေါ်သေးခင်သဲခုံစွယ်လျှောက်လမ်းကို အရဲစွန့်ပြီးဖြတ်သန်းခဲ့ရာမှ လှိုင်းအုပ်ပြီး လူပေါင်းများစွာ ရေနစ်သေဆုံးမှုများဖြစ်ခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့ပြည်သူတစ်ဦးမှ အခုလို အတွေ့အကြုံလေးကို ဝေမျှလာခဲ့ပါတယ်။

Credit to Original Uploader

"ဒီနေ့ဖြစ်သွားတာက ခင်တို့နဲ့ရှေ့ဆင့်နောက်ဆင့်ပါပဲ။ခင်တို့ကလမ်းမပေါ်တော့တစ်ဝက်နဲ့ပြန်လှည့်ခဲ့တာ။တစ်ချိူ့တွေကအဆုံးထိသွားကြတယ်။ဘာလို့သူတို့ကအဆုံးထိသွားကြလည်းဆိုတစ်နှစ်မှတစ်ခါကြုံတောင့်ကြုံခဲဖူးရတဲ့ဘုရားမို့လမ်းပေါ်ဖို့မနက်2နာရီထဲကမအိပ်ပဲစောင့်ကြရတာ။အာ့ကြောင့်လူတွေကအဆုံးထိသွားကြတာ။ဘုရားကလဲပိတ်ထားတာ2နှစ်ရှိပြီးဆိုတော့လူတွေကသောင်းနဲ့ချီလာကြတာပေါ်တဲ့လမ်းကကျဉ်းလူတွေကများလမ်းကတစ်ဝက်ပဲပေါ်သေးတော့လူတွေကရပ်စောင့်နေတဲ့အချိန်မှာလှိူင်းအလုံးကြီးပုတ်ပြီးလူ100လောက်ရေထဲကျသွားတာပါ။အားလုံးကအပျော်သွားကြတာမဟုတ်ပါဘူး။ခဲရာခဲဆစ်ဖူးရတဲ့ဘုရားမို့သွားကြရင်အခုလိုတွေဖြစ်သွားတာပါ။တစ်ချို့တွေကဘာမှမသိပဲအထင်နဲ့မပြောစေချင်ပါဘူးကိုယ်ခြင်စာကြပါရှင့်ကိုယ့်မျက်စိရှေ့မှာဖြစ်သွားတဲ့တွက်ပိုပြီးရင်နာရပါတယ်။"

- Khin Cho Thank

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

​မျက်စိတစ်မှိတ်အတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကြီးကြောင့်လူအများကလည်း သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ရေနစ်သေဆုံးသွားသူတွေထဲမှာ ယမန်နေ့နိုဝင်ဘာလ၂၁ရက်နေ့က ရုပ်အလောင်း၁၆လောင်း၊ ဒီကနေ့နိုဝင်ဘာလ၂၂ရက်နေ့မှာ၅လောင်း တွေ့ရှိထားတယ်လို့ သိရပါတယ်။အခြားပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေကြပါတယ်။

Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။