တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ယမန်နေ့နိုဝင်ဘာလ၁၉ရက်နေ့ည၌ မြိတ်တဘက်ကမ်းရွှေသာလျောင်းဘုရားသို့ စက်လှေဖြင့်ဘုရားဖူးသွားဖူးသည့်လှေတစ်စီးတိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။ 

လှေတိမ်းမှောက်မှုကြောင့်လှေပေါ်ပါကလေးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ပျောက်ဆုံးခဲ့တယ်လို့သိရပါတယ်။လှေမှာ ခရီးသွားလှေမျိုးမဟုတ်ဘဲ ငါးဖမ်းလှေလေးဖြစ်ပြီး လှေပေါ်မှာပါတဲ့သူများကလည်း ဒေသခံမိသားစုများနှင့်အိမ်နီးချင်းများဖြစ်တယ်လို့ မြိတ်​​မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ 

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader 

တိမ်းမှောက်ခဲ့သည့်လှေပေါ်တွင်ကလေးလူကြီးအယောက်၂၀နီးပါး စီးနင်းလိုက်ပါခဲ့တယ်လို့ သိရပြီး ရွှေသာလျောင်းဘုရားဖူးအပြန်ရေ​နံ​​​မြရပ်ကွက်၊တောလှေဆိပ်တံတားအနီးတွင်ရေစီးကြောင့်လှေတိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ 

လှေမှောက်မှုဖြစ်စဉ်ကြောင့်အသက်လေးနှစ်အရွယ်ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကာ အသက်သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း မီးသတ်တပ်ဖွဲ့ရဲ့ပြောဆိုချက်အရသိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။