မြန်မာနိုင်ငံအထက်ပိုင်းဒေသ ချင်းပြည်နယ်တွင်မိုးများဆက်တိုက်ရွာသွန်းခဲ့မှုကြောင့်မြေပြိုပြီး လူနေအိမ်များ ပြိုကျခဲ့တယ်လို့ သိရှိရပါတယ်။ 

Photo - Crd
Photo - Crd
Photo - Crd

၅ရက်ဆက်တိုက်မိုးများ ရွာသွန်းခဲ့မှုကြောင့်ချင်းပြည်နယ်တီးတိန်မြို့နယ်၊ ဖိုင်ဇာကျေးရွာတွင်နိုင်ဘာလ၁၆ရက်မနက်ပိုင်းကမြေပြိုကျတာကြောင့်လူနေအိမ်တစ်လုံး ပျက်စီးသွားတယ်လို့သိရှိရပါတယ်။ တွန်းဇံမြို့တွင်လည်း မြေပြိုမှုကြောင့်လူနေထိုင်ရန်အန္တရာယ်ရှိတဲ့ အဆင့်မှာ ရှိနေတယ်လို့သိရှိရပါတယ်။ 

Photo - Crd

ချင်းပြည်နယ်မှာဆိုရင်မိုးများမှုတွေကြောင့်နှစ်စဉ်နှစ်တိုင်းလိုလိုမြေပြိုမှုများရှိခဲ့ပြီး မြေပြိုမှုကြောင့်နေအိမ်များ ပြိုကျပျက်စီးခဲ့ကြရပါတယ်။ အခုဒီနှစ်မှာလည်းမိုးဆက်တိုက်ရွာသွန်းမှုကြောင့်မြေပြိုကျကာ လူနေအိမ်ပျက်စီးမှုများ ရှိခဲ့တာပဲဖြစ်ပါတယ်။

Photo - Crd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။