သမုဒ္ဒရာ ဝမ်းရေးတစ်ထွာအတွက် လူတိုင်းဟာ အားလုံးရုန်းကန်လှုပ်ရှားနေရပါတယ်။စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့အထဲမှာ တစ်ချို့ကတော့ ဘဝရဲ့လောကဓံလှိုင်းလုံးကြမ်းကြမ်းကြီးတွေရဲ့ တိုက်ခတ်မှုဒဏ်ကို အလူးအလဲခံနေရဆဲပါ၊၊ဒီတစ်ခေါက်မှာလည်း ပြည်သူတစ်ဦးက ရေနွေးပူလောင်ပြီးဒုက္ခရောက်နေတဲ့ အမျိုးသမီးအကြောင်းကို သူရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo Credit - Arrpuu Tuu's Facebook

ပြည်သူဟာ သူထမင်းစားနေချိန်မှာ Phone call လေးတစ်ခုဝင်လာခဲ့ပြီး သူကို အကူအညီတောင်းတဲ့ Phone call တစ်ခုဖြစ်တာကြောင့် သူအဲဒီကို ရောက်သွားတဲ့အချိန်မှာ  အသက် ၂၉ နှစ်အရွယ်ရှိတဲ့အမျိုးသမီးကိုတွေ့လိုက်ရတယ်လို့ဆိုပါတယ်။အမျိုးသမီးဟာ သားနှစ်ယောက်နဲ့အတူ ကျူးကျော်က သနားလို့ပေးထားတဲ့ တဲလေးမှာ နေထိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit - Arrpuu Tuu's Facebook

သူမအိပ်နေတဲ့ အချိန် သူမရဲ့သားငယ်လေးဟာ တည်ထားပြီးဆူနေတဲ့ ၃ မိနစ် ရေနွေးအိုးကို ခလုတ်တိုက်မိပြီး သူမအပေါ် ရေနွေးအိုးက ကျသွားပါတယ်။ကျသွားတဲ့နေရာဟာ မေးစေ့၊လည်ပင်းနဲ့ ရင်ဘတ်တွေပေါ်ဖြစ်ပြီး ရေနွေးပူလောင်ပြီး ပုံပျက်ပန်းပျက် ဖြစ်သွားတဲ့ချိန် ၄ ရက်မြောက်နေ့မှာပဲ သူမရဲ့ အမျိုးသားက  ကလေး၂ယောက်နဲ့ သူမကို ထားခဲ့ပြီး ထွက်သွားတာ အခုထိပြန်မလာဘူးလို့ဆိုပါတယ်။သူမဟာ စားဝတ်နေရေးအတွက် အဝတ်လျှော်အလုပ်လုပ်သော်လည်း သူမကို ဘယ်အိမ်ကမျှ မခေါ်သလို အိမ်အကူအလုပ်လေး လုပ်မယ်လို့ သွားပြန်တော့လည်း သူမပုံစံကို ကြည့်ပြီး အကုန်လုံးက လန့်ကြပြီး အလုပ်ခေါ်မခိုင်းဘူးလို့ ဝမ်းနည်းစွာနဲ့ ပြောပြခဲ့ပါတယ်။အခုလည်း သူမရဲ့ရေနွေးပူလောင်ဒဏ်ရာဟာ အရမ်းနာကျင်နေတဲ့အတွက်ကြောင့် ဆေးလေးဝယ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် သူ့ဆီကို အရဲစွန့်ဖုန်းဆက်တယ်လို့ ဆိုပါတယ်၊၊

Photo Credit - Arrpuu Tuu's Facebook

ပြည်သူကလည်း သူမလိုအပ်နေတဲ့ဆေးဖိုးအတွက် ၃၀၀၀၀ ကျပ်ကို လှူဒါန်းပေးခဲ့သလို သူမအတွက်လဲ ခွဲစိတ်ဖို့ အရေပြားအလှပြုပြင်ခွဲစိတ်ဆရာဝန်တွေဆီ ဆက်သွယ်ပေးမယ်လို့လည်း ဆိုထားပါတယ်။သူမဟာ လှူထားတဲ့ငွေအတွက် ကျေးဇူးတင်ကြောင်းပြောခဲ့သလို သူမအရမ်းနာနေတာဖြစ်တဲ့အတွက် ဆေးသွားဝယ်တော့မယ်လို့လည်း ပြောခဲ့ပါတယ်။ပြည်သူဟာ ဒုက္ခရောက်နေတဲ့ရေနွေးပူလောင်တဲ့အမျိုးသမီးအတွက် ဆရာဝန်တွေဆီကို စုံစမ်းကြည့်တဲ့အခါ ရန်ကုန်ဆေးရုံကြီးမှာဆို ခွဲခန်းဘိုကင်အတွက် တစ်နှစ်လောက် အနည်းဆုံးစောင့်ရမယ့်အပြင် အပြင်ဆေးရုံတွေမှာ ခွဲစိတ်မယ်ဆိုရင်လည်း အနည်းဆုံး သိန်း ၃၀ ကျော်လောက်ထိ ကုန်ကျနိုင်မယ်လို့ အကျဥ်းချုပ် သိရှိရတယ်လို့ ရေးသားထားပါတယ်။

Photo Credit - Arrpuu Tuu's Facebook

ဆင်းရဲနွမ်းပါးအဖိုးအဖွားများအတွက် အတူတကွ ပူးပေါင်းကူညီလှုဒါန်းလိုပါက 09 - 5408437 ကို ဆက်သွယ်ပြီးလှူဒါန်းနိုင်တယ်လို့ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာရေးသားထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။