နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့်ညီညီအောင်ထက်နိုင်ရဲ့အစ်ကို ကိုကိုအောင်ထက်နိုင်ကိုမိခင်မှအမွေပြတ်စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ၁၂ရက်နေ့က အစိုးရသတင်းစာထဲတွင်ကြေညာခဲ့ပါတယ်။ 

ကိုကိုအောင်ထက်နိုင်နှင့်ညီညီအောင်ထက်နိုင်တို့ဟာ အမွှာညီအစ်ကိုလေး များဖြစ်ပြီး ညီဖြစ်သူညီညီအောင်ထက်နိုင်ဟာလည်း နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ 

Ko Ko Aung Htet Naing

သတင်းစာထဲမှာ သားဖြစ်သူမောင်ကိုကိုအောင်ထက်နိုင်သည်မိဘတို့​၏ဆိုဆုံးမမှုကို နားမထောင်ဘဲ နေ့စဉ်နှင့်အမျှစိတ်ဆင်းရဲအောင်အမျိုးမျိုးပြုလုပ်​နေသည့်အတွက်သားအဖြစ်မှအမွေပြတ်စွန့်လွှတ်လိုက်ပါသည်ဟုရေးသားဖော်ပြထားပါတယ်။

Ko Ko Aung Htet Naing

ကိုကိုအောင်ထက်နိုင်အနေနဲ့လည်းမိခင်ဖြစ်သူအမွေပြတ်စွန့်လွှတ်တဲ့ကိစ္စနှင့်ပတ်သတ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ အခုလိုလေး စိတ်မကောင်းစွာပြောလာပါတယ်။

Ko Ko Aung Htet Naing

"သားကိုခွင့်လွှတ်ပါ....

အမေတို့စကားနားမထောင်ဘဲသားလမ်းကိုသားဆက်ရွေးခဲ့တာပါ....

တောင်းပန်ပါတယ်အမေ?

အမေလည်းသားကြောင့်ခက်ခဲပင်ပန်းနေခဲ့ရပြီ?"

Ko Ko Aung Htet Naing

မိခင်ကြီးအနေနဲ့လည်း ကျန်ခဲ့တဲ့ အမွှာညီအစ်ကိုလေးထဲကတစ်ယောက်ကို အခုလိုအမွှေပြတ်စွန့်လွှတ်လိုက်ရတာဟာရွေးချယ်လို့မရတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်မှာပါ။ပြည်သူတွေလည်း အမွှာညီအစ်ကိုလေးကိုကိုအောင်ထက်နိုင်နှင့်ညီညီအောင်ထက်နိုင်တို့အတွက်အရမ်းကို စိတ်မကောင်းဖြစ်နေကြပါတယ်။ 

Ko Ko Aung Htet Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။